တဘက်သတ်မြက်(Knotgrass)

သိပ္ပံအမည် – Paspalum distichum L.
Common name – kntgrass
Family – Poaceae
နှစ်ရှည်ခံပင်မျိုးဖြစ်ပြီး ထောင်မတ်၍ သို့မဟုတ် အပေါ်သို့ကွေး၍ ပေါက်သည်။
သေးသွယ်ရှည်လျားသော တွားသွား မြေလျောက်ပင်စည်များရှိပြီး ၁မီတာအထိရှည်လျားပါသည်။
အရွက်သည် ပျော့ပြောင်းကာ အစိမ်းရောင်ရှိပြီး အပေါ်ယံမျက်နှာပြင်တွင် အမွေးများရှိသည်။
ရိုးတံပျော့ပြီး ပန်းခိုင် ၂-၄ခိုင်ထိ တွေ့ရလေ့ရှိသည်။
မြေလျောက်ပင်စည်အားဖြင့် မျိုးပွားခြင်းများပြီး အစေ့ငုပ်ခြင်းများရှိပါသည်။
လယ်စပါးခင်းများ၊ ဟင်းသီးဟင်းရွက်ခင်းများ ယာသီးနှံခင်းများတွင် အများဆုံးတွေ့ရသည်
