ဒေါင်းမြှီးပျံ( Red sprangletop)

ဒေါင်းမြှီးပျံ(Red sprangletop)
ဒေါင်းမြှီးပျံ (Red sprangletop)

သိပ္ပံအမည် –  Leptochloa chinensis L. Nees, 1824

Common name – Chinese / Red sprangletop

Family – Poaceae

ဟင်းသီးဟင်းရွက်စိုက်ခင်းများ၊ ယာသီးနှံစိုက်ခင်းများနှင့် လမ်းဘေးတစ်လျောက်တွင် တွေ့နိုင်ပြီး တစ်နှစ်ခံ (သို့မဟုတ်) နှစ်ရှည်ခံပင်များဖြစ်ပါသည်။


အစေ့မှ မျိုးပွားနိုင်သလို အပင်ရိုးတံရိုးပြတ်များ အမြစ်ဆုံ အပိုင်းအစများမှလည်း မျိုးပွားနိုင်ပါသည်။

ရေများသောနေရာများတွင် မရှင်သန်နိုင်ပေ။

သီးနှံအထွက်နှုန်းကို ၁၄-၄၄%အထိ လျော့ကျစေနိုင်ပါသည်။

ပန်းပွင့်နေသော ပန်းခိုင်သည် ထောင်မတ်၍ပေါက်ပြီး မြေလျောက်ပင်စည်ဖြင့် မျိုးပွားသည်။

အရွက်သေးရှည်ပြီး ပါးလွှာသည်။

ကိုင်းဖြာပန်းခိုင်ဖြစ်ပြီး ဒေါင်းမြီးကဲ့သို့ ဖြာထွက်ပြီးရှည်သည်။