ဖော့မြက်(Bamboo grass)

ဖော့မြက်(Bamboo grass)
ဖော့မြက်(Bamboo grass)

သိပ္ပံအမည် – Hymenachne amplexicaulis ( Rudge ) Nees

Common name – Bamboo grass

Family – Poaceae



နှစ်ရှည်ခံအပင်မျိုးဖြစ်သည်။

ပင်စည်မှာ သန်မာအရည်ရွှမ်းပြီး ‌ရေမျက်နှာပြင်ပေါ် ပြန့်ကြဲလျက်ပေါက်ပြီး ထိပ်ပိုင်းမှာ အပေါ်သို့ ထောင်မတ်သည်။

၃၅၀ စင်တီမီတာအထိရှည်လျားပြီး အောက်ပိုင်းအဆစ်များမှ အမြစ်ထွက်သည်။

ဆစ်ကြားပိုင်းနေရာမှာ ဖောင်းပွပြီး အနီရောင်ရှိသည်။

အရွက်သည် ရှည်မျောမျောလှံသွားပုံရှိ၍ ထိပ်ချွန်သည်။

ပန်းခိုင်မှာ ထုလုံးရှည်ပုံရှိ၍ ရှည်လျားသည်။ ထပ်ဆင့်ပန်းခိုင်များ ပြွတ်သိပ်လျက်ပေါက်ပြီး လှံသွားပုံထိပ်ချွန်သည်။

ပန်းပွင့်ရိုးတံမှာ လွှသွားပုံဖြစ်ပြီး အမွေးပါသည်။လယ်စပါးခင်းများ၊ရေဝပ်မြေများတွင် အများဆုံးတွေ့ရသည်။