ဝမ်းဘဲစာမြက် (Jungle rice)
ဝမ်းဘဲစာမြက် (Jungle rice)

သိပ္ပံအမည် –  Echinochloa colona ( L.) Link

Common name – Jungle rice

Family – Poaceae

တစ်နှစ်ခံပင်မျိုးဖြစ်သည်။

အများအားဖြင့် မြေ၌ကပ်ပေါက်ပြီး အောက်ခြေအဆစ်မှ အမြစ်များ ထွက်သည်။

ငယ်စဉ်တွင် စပါးပင်နှင့်အလွန်တူသည်။ အမြဲရေလွှမ်းနေလျှင် မရှင်သန်နိုင်။

ပင်စည်သည်ပြားပြီး အောက်ခြေပိုင်းခရမ်းနီရောင်ရှိသည်။

အဆစ်နေရာ၌ ပို၍ကြီးသည်။

အရွက်သည် ရှည်မျောမျော လှံစွပ်ပုံရှိပြီး အမွေးကင်းမဲ့သည်။

တစ်ခါတစ်ရံ ရွက်ပြားပေါ်၌ ကန့်လန့်ဖြတ် ခရမ်းရောင်စင်းများ တွေ့ရသည်။

ပန်းခိုင်သည် အပေါ်သို့ထောင်မတ်နေပြီး အစိမ်းရောင် သို့မဟုတ် မရမ်းစေ့ရောင်ရှိသည်။

ရွက်လျှာမပါခြင်းနှင့် ထပ်ဆင့်ပန်းခိုင်လက်များသည် ပွင့်ကိုင်းများ၏ တစ်ဖက် တည်းတွင် လေးတန်းစီ၍ သိပ်သည်းစွာ ဖြစ်ပေါ်နေခြင်းသည် ထူးခြားချက် ဖြစ်သည်။

အစေ့အားဖြင့် အဓိကမျိုးပွားသော်လည်း အပင်ခြေတွားသွားအပိုင်းများနှင့် အဆစ်များမှလည်း မျိုးပွားနိုင်သည်။

လယ်စပါးခင်း၊ ယာသီးနှံခင်း၊ နှစ်ရှည်သီးနှံခင်း၊ ဟင်းသီးဟင်းရွက်ခင်းများတွင် အဓိကပေါက်ရောက်သည်။