နောက်ပိုးမြက်(ခ)မောင်ရင်ငိုမြက်(Golden false beardgrass)

နောက်ပိုးမြက်(ခ)မောင်ရင်ငိုမြက်(Golden false beardgrass)

သိပ္ပံအမည် – Chrysopogon ciculatus ( Retz.) Trin.

Common name – Golden false beardgrass

နောက်ပိုးမြက်(ခ)မောင်ရင်ငိုမြက်(Golden false beardgrass)
နောက်ပိုးမြက်(ခ)မောင်ရင်ငိုမြက်(Golden false beardgrass)

Family – Poaceae

နှစ်ရှည်သီးနှံများတွင် အများဆုံးပေါက်ရောက်သည်ကို တွေ့ရပါသည်။

အပင်ပုံသဏ္ဌာန်မှာ နှစ်ရှည်ခံ တွားသွားသောအပင်များ ဖြစ်သည်။

ပင်စည်သည် ၁၅ – ၂၅ စင်တီမီတာအထိ ရှည်သည်။

မြေမျက်နှာပြင်အနီးတွင် ကပ်ပေါက်ပြီး အဆစ်များမှ အမြစ်ထွက်သည်။

ပန်းခိုင်သည် ခရမ်းရောင် ကိုင်းဖြာပန်းခိုင်ဖြစ်ပြီး ရှည်သည်။

အနီရောင်ပွင့်ကိုင်းတိုလေးများသည် ပန်းခိုင်ရိုးတံ တစ်လျှောက် ရေပြင်ညီ စက်ဝိုင်းပတ်အတိုင်း ဖြာထွက်နေသည်။

ထိပ်တွင်ရှည်သော ထပ်ဆင့်ပန်းခိုင်သုံးခုရှိသည်။

အပြင်ဘက် ထပ်ဆင့်ပန်းခိုင်နှစ်ခုတွင် ပွင့်ညှာရှိပြီး အတွင်းတစ်ခုတွင်မူ ပွင့်ညှာမရှိပါ။

ပွင့်ညှာမဲ့ ထပ်ဆင့်ပန်းခိုင်သည် အလွန်သေးသွယ်ပြီး ရှည်သည်။

ရှည်လျားသော မျှားချိတ် ပါသည်။ မြေပေါ်တွားသွားပင်စည်နှင့် အစေ့အားဖြင့် မျိုးပွားသည်။