မိုးမိထားသော ပဲခင်းများမှာ ဘာတွေ သတိထားရမလဲ?
မြန်မာနိုင်ငံ၏ ရာသီဥတု အခြေအနေအရ ဒေသတော်တော်များများတွင်း လွန်ခဲ့သောတစ်ပတ်ကမိုးများရွာသွန်းခဲ့ပါသည်။
ပဲခင်းများတွင် မိုးရွာပြီးချိန်တွင် အဓိက သတိထားရမည့်အရာမှာ မှိုရောဂါဖြစ်ပါသည်။
မိုးရွာပြီးနောက်ပိုင်း ခါးရိရောဂါ ၊ ဖားဥမှိုရောဂါ၊ မှည့်ပြောက်စွန်းရောဂါ နှင့် ဆာကိုစပိုးရားရွက်ပြောက်ရောဂါများ အဖြစ်များတတ်ပါသည်။
အထူးသဖြင့် ဖားဥ မှို နှင့် ဆာကိုစပိုးရား ရွက်ပြောက်များ အဖြစ်များနေသည်ကိုတွေ့ရပါတယ်။
သို့ဖြစ်ပါ၍ မှိုရောဂါများကို မဖြစ်ခင်ကတည်းက ရီဗိုက် ၊ ယူနတီကဲ့သို့သော မှိုသတ်ဆေးများဖြင့် ကြိုတင်ကာကွယ်ထားရန် အထူးလိုအပ်ပါသည်။
ပဲပင်ပေါက်ခါစ ၁၅-၂၀ ရက်သားဝန်းကျင်မိုးမိခဲ့ပါက အမြစ် အလုပ် လုပ်ဆောင်ချက်များအားနည်းနိုင်သည့်အတွက် ရွက်ဖျန်းအားဆေးကို ဆာလ်ဖာလ် ပါဝင်သောရွက်ဖျန်းအားဆေးများအသုံးပြုပေးသင့်ပါတယ်။ ပဲပင်အတက်မြန်ပြီး ကိုက်တက် ကိုင်းခွများစေရန်အတွက် ကောမက်ရွှေမိုးငွေမိုး + ကလောက်ဒီ တွဲဖျန်းပေးနိုင်ပါက အကောင်းဆုံးဖြစ်ပါတယ်။
ပဲပန်းပွင့်ချိန်ရောက်သော ပဲခင်းများတွင် ပွင့်ထွေးပိုးများလဲ ကျတတ်သဖြင့် စိုက်ခင်းကို ပစ်မထားဘဲ ပိုး ကျမကျ အမြဲ ကြည့်နေရမည်ဖြစ်ပါသည်။ ပွင့်ထွေးပိုးကျပါက ငှက်ကြီးတောင် ကိုဆေးတစ်ပုံးလျှင် ၂၀ စီစီဖြင့် တစ်ဧက ၅ ပုံးသုံးပေးရန် လိုအပ်ပါသည်။
လှေးပိုး အကျများပါက ပန်းပွင့်ကြွေတတ်သဖြင့် တော်ပီဒိုကို ဆေးတစ်ပုံးလျှင် ၄၀ – ၅၀ စီစီ ဖြင့် တစ်ဧက ငါးပုံးသုံးပေးနိုင်သည်။
ယင်ဖြူ သယ်ဆောင်လာသော ရွှေဝါရောင်မိုစေ့ရောဂါကြောင့် ရွက်ဝါဖောက်သည့်အခါ ခင်းလုံးကျွတ် အထိ ဖြစ်သွားနိုင်သည့်အတွက် ရွှေဝါရောင်မိုစေ့ ဖြစ်စေ သောဗိုင်းရပ်စ် သယ်ဆောင်လာတဲ့ ယင်ဖြူကာကွယ်နှိမ်နင်းရန် ပိုင်ဒီ ကို မဖြစ် မနေအသုံးပြုပေးရန် လိုအပ်ပါသည်။
ပန်းပွင့်အားကောင်းပြီး အပင်ကြံ့ခိုင်သန်မာစေရန်အတွက် ကောမက်ပီဖိုလန် + တင်ပို အားဆေးကို အသုံးပြုနိုင်ပါသည်။
အားဆေးအသုံးပြုပေးခြင်းဖြင့်ပဲ ပန်းပွင့်ကြွေကျ ခြင်းများကို သက်သာစေနိုင်သည်။
