စပါးခင်းများတွင် အဖြစ်များလာသော စပါးဂုတ်ကျိုး (rice blast) ရောဂါ

နွေစပါးစိုက်ရာသီမှာ စပါးခင်းများအတွင်း ဂုတ်ကျိုးရောဂါများ အဖြစ်များသည်ကို တွေ့ရှိရပါတယ်။ ဒါကြောင့် စပါးခင်းများတွင် အဖြစ်များလေ့ရှိပြီး အထွက်နှုန်းကို ထိခိုက်စေနိုင်သည့် စပါးဂုတ်ကျိုးရောဂါကို သတိပြုကာကွယ်နိုင်ရန် ဖော်ပြပေးလိုက်ပါသည်။

စပါးဂုတ်ကျိုးရောဂါ ဖြစ်ပေါ်စေသောသက်ရှိမှာ Pyricularia Oryzae ဖြစ်သည်။
ဂုတ်ကျိုးရောဂါသည် စပါးသက်တမ်းအလိုက် ပျိုးပင်၊ စပါးရွက်၊ အဆစ်နှင့် စပါးဂုတ်တွင် ဖြစ်ပေါ်လေ့ရှိသည်။

ရောဂါလက္ခဏာ

ပျိုးခင်းကတည်းက ဖြစ်ပွားနိုင်ပြီး စပါး ပျိုးရွက်ပေါ်တွင် သေးငယ်ပြီး ဘဲဥပုံ အညိုရောင်အစက်များတွေ့မြင်နိုင်သည်။ ရောဂါဆိုးရွားလာပါက အရွက်ခြောက်ပြီး အပင်သေနိုင်သည်။


သိသာထင်ရှားသော လက္ခဏာများ

စပါးရွက်ပေါ်တွင် ဘဲဥပုံ (သို့မဟုတ်) လွန်းပုံစံ နီညိုရောင်အကွက်များတွေ့ရခြင်းဖြစ်သည်။

အကွက်အလယ်တွင် မီးခိုးရောင် (သို့မဟုတ် ) အဖြူရောင် အစက်များ ဖြစ်ပေါ်ပြီး အစိမ်းရင့်ရောင်မှ နီညိုရောင် အနားသတ်များပါရှိသည်။ တစ်ခါတစ်ရံ အဝါရောင် အနားသတ်များ ဖြစ်ပေါ်သည်။

ရောဂါကွက်များ တစ်ကွက်နှင့် တစ်ကွက် ဆက်ပြီး ကျယ်ပြန့်သွားလျှင် စပါးရွက်သည် ညှိုးခြောက်သွားသည်။


ရောဂါကျရောက်သည့် စပါးပင်၏ အဆစ်များတွင် အညိုရောင် (သို့မဟုတ်) အမည်းရောင် အကွက်များကို တွေ့ရသည်။


စပါးနှံတွင်ညိုမည်းရောင် အစက်အပြောက်များ ဖြစ်ပေါ်ကာ ရောဂါဆိုးရွားလာပြီး ဂုတ်ကျိုးကျနိုင်သည်။


နို့ရည်မတည်ခင် အစောပိုင်းအဆင့်တွင် ရောဂါကျရောက်ပါက နို့ရည်ဆက်မတည်နိုင်သောကြောင့် စပါးနှံသည် ဖြူဖွေး၍ အနှစ်မပါ၊ အဆံမရှိ ဖြစ်တတ်သည်။
နောက်ပိုင်းအဆင့်တွင့်ဖြစ်ပေါ်ပါက အစေ့အဆံမှာ ပြည့်ဝမှုမရှိဘဲ အထွက်ကျနိုင်သည်။


စပါးဂုတ်ကျိုးရောဂါသည် ပျိုးထောင်ပြီး ရွှေ့ပြောင်းစိုက်သောစပါးခင်းများထက်ကြဲခင်းနှင့် အခြောက်စိုက် စပါးခင်းများတွင် ပိုမို ဖြစ်ပွားနိုင်သည်။


ကာကွယ်ကုသနည်း


ရောဂါကင်းပြီး ခံနိုင်ရည်ရှိသော စပါးမျိုးများ ရွေးချယ်စိုက်ပျိုးခြင်း၊


ပုလဲမြေသြဇာကို တစ်ကြိမ်ထဲ အများအပြားအသုံးမပြုဘဲ ၂-၃ ကြိမ် ခွဲ သုံးပေးခြင်း၊


ရောဂါဒဏ် ခံနိုင်ရည်မြင့်မားစေရန် ပိုတက် မြေသြဇာ အသုံးပြုပေးခြင်း


တတ်နိုင်သမျှ စောစော စိုက်ပျိုးပေးခြင်း၊ အခြားသော စိုက်ခင်းများနှင့် စိုက်ချိန် တူအောင် စိုက်ပျိုးခြင်း၊


တိုက်ရိုက်စိုက်ခင်းများတွင် ပိုမိုဖြစ်ပွားနိုင်သောကြောင့် ပျိုးထောင်စိုက်ပျိုးပေးခြင်း၊


အပင် စိပ်စိပ်စိုက်ပျိုးခြင်းအားရှောင်ရှားခြင်း၊


ရောဂါရပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးခြင်း၊


စိုက်ခင်းဘေးပတ်လည်ရှိ ရောဂါခိုအောင်းနိုင်သော ပေါင်းမြက်များ ရှင်းလင်းပေးခြင်း၊


စပါးဂုတ်ကျိုး‌ရောဂါအား မြန်မာ့ ဩဘာမှ ဩဘာစပါးမှိုဆေး အသုံးပြု၍ ကာကွယ်နှိမ်နိင်းနိုင်ပါသည်။

စပါးတွင် ကျရောက်တတ်သော မှိုရောဂါများနှင့် ပတ်သတ်၍ အသေးစိတ်သိရှိလိုပါက Myanma Awba Facebook Page တွင် လာရောက်မေးမြန်းနိုင်ပါသည်။

Relate Products

ဆက်စပ် ထုတ်ကုန်များ