ကြက်သွန်ခင်းများတွင်အဖြစ်များလာသော Botrytis (မီးခိုးရောင်မှို) ရောဂါ

ရောဂါဖြစ်စေသော သက်ရှိ Botrytis squamosa ကြောင့်ဖြစ်သော မီးခိုးရောင်မှို ရောဂါကို တချို့ ကြက်သွန် စိုက်ပျိုးသော ဒေသများတွင် ကြက်သွန်ဂုတ်ကျိုး ရောဂါဟုလည်း ခေါ်ကြသည်။

ထိုရောဂါဝင်ရောက်လျှင် အရွက်များပေါ်တွင် အဖြူရောင်အနာကွက်များကို ဖြစ်ပေါ်စေပြီး ရောဂါပြင်းထန်ပါက ညှိုးနွမ်း၍ သေနိုင်သည်။

အရွက်တစ်ရှူးပေါ်တွင် ရေစိုနာကွက် အသေးလေးများအဖြစ် စတင်ဖြစ်ပေါ်လာပြီး ရောဂါကြီးထွားလာသည်နှင့်အမျှ အနာကွက်များသည် အရွက်တစ်ရှူးထဲသို့ ချိုင့်ဝင်သွားကာ ကောက်ရိုးရောင်အဖြစ် ပြောင်းသွားသည်။

ကြက်သွန်နီရွက် အဟောင်းများသည် ရောဂါ ပိုမိုကူးစက်နိုင်ချေရှိပြီး မှိုစပိုးများကို ကြက်သွန် အရွက်ဟောင်းများ၊ အရွက်ခြောက်များနှင့် အရွက်သေများပေါ်တွင် တွေ့ရတတ်သည်။ အရွက်နုများတွင် မှိုစပိုးများ မဖြစ်ပေါ် တတ်ပါ။

အေး၍ စိုထိုင်းသော ရာသီတွင် ပို၍ ရောဂါ အဖြစ်များတတ်သည်။ မှိုစပိုးများသည် လေနှင့် ပျံ့နှံ့၍ စိုက်ခင်းဟောင်းများ၊ ခုတ်ထစ်ထားသော အပင်အပျက်အဆီး အမှိုက်ပုံများသည် ရောဂါပွားနိုင်သော အရင်း အမြစ်များ ဖြစ်ပါသည်။

ကာကွယ်နှိမ်နင်းနည်းများ

 ကြက်သွန်ခင်းထဲမှ ‌ရောဂါရအရွက်များကိုဖယ်ရှားပစ်ပါ

 မီးခိုး‌ရောင် မှို‌ရောဂါသည် ၃ နှစ်ကြာ ငြိမ်သက်ခိုအောင်းပြီး ပြန်လည်ဖြစ်ပွားနိုင်သောကြောင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း စသည့် ကြက်သွန်မျိုးရင်းဝင်အပင်များစိုက်ခြင်းကို ၃ နှစ်လောက် ရှောင်ရှားပြီး သီးလှည့် စိုက်ပါ။

 ကြက်သွန်နီပျိုးခင်းမှာထဲက ရောဂါကျရောက်နိုင်သဖြင့် ပျိုးပင်များကို လေဝင်လေထွက်ကောင်း စေရန် နှင့် မှိုပြန့်ပွားမူနှုန်းကို လျှော့ချရန်အတွက် ကြပ်တည်းစွာပျိုးထောင်ခြင်းကို ရှောင်ကြဉ်ပါ။

 စိုက်ခင်းတွင် ‌ရေစိုနာကွက်စတင်တွေ့ရှိသည်နှင့် မှိုသတ်ဆေး ဖျန်းပ မြန်မာ့ဩဘာမှ ကာဗင် မှိုသတ်ဆေး အသုံးပြု၍ ကြိုတင်ကာကွယ်နိုင်ပါသည်။

ကြက်သွန် မီးခိုရောင်မှိုရောဂါနှင့် ပတ်သတ၍ အသေးစိတ်သိရှိလိုပါက Myanma awba  Facebook Pageတွင် အသေးစိတ် လာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ

See less