ကြံ စိုက်ပျိုးနည်းလမ်း – အထွက်နှုန်းတိုးစေမည့် အဆင့်ဆင့်လမ်းညွှန်

ကြံ သီးနှံသည် လယ်သမားများအတွက် စီးပွားရေးအရ အကျိုးအမြတ်အလွန်များသော သီးနှံဖြစ်သည်။ သို့သော်လည်း ကြံပင်များ အထွက်နှုန်းကောင်းမွန်ပြီး အရည်အသွေးမြင့်မားစေရန်အတွက် စနစ်တကျ စိုက်ပျိုးနည်းများကို လိုက်နာရန် လိုအပ်ပါသည်။

 ရာသီဥတုနှင့် မြေအမျိုးအစား

  • ပူနွေး၍ သမမျှတသော ရာသီဥတုကို နှစ်သက်သည်။

  • မိုးရေချိန် တစ်နှစ်လျှင် (၅၅-၉၀) လက်မရွာသွန်းသော ဒေသများသည် ကြံစိုက်ပျိုးရန် အသင့်တော်ဆုံးဖြစ်သည်။ အပူချိန် (၃၂-၃၈) ဒီဂရီစင်တီဂရိတ်တွင် အပင်ဖြစ်ထွန်းမှု အကောင်းဆုံးဖြစ်သည်။

  • မြေဆီထက်သန်ပြီး နုံးဆန်သောမြေ၊ သစ်ဆွေးဓာတ်များသော မြေကို နှစ်သက်သည်။

  • ရေမဝပ်၊ ရေစိမ့်အားကောင်းသော မြေသည် အရေးကြီးပါသည်။ မြေချဉ်ငံဓာတ် (pH ၅.၅ – ၇.၅) အတွင်း အဆင်ပြေသည်။

စိုက်ခင်းမြေပြင်ခြင်း

ကောင်းစွာ မြေကိုပြုပြင်ခြင်းသည် ကြံပင်အမြစ်များ စောစီးစွာ ထိုးဖောက်နိုင်ရန်နှင့် ရေစိမ့်အား ကောင်းစေရန် အခြေခံအချက်ဖြစ်သည်။

  • စက်ထယ် (၂) လွှာ၊ စက်ထွန် (၄) လွှာအထိ ထိုး၍ မြေကို ညက်အောင် ပြုပြင်ပါ။

  • ပထမအကြိမ် ထယ်ထိုးပြီးပါက (၃) လခန့် မြေလှပ်ထားပါ။ မျိုးစေ့မချမီ မြေညှိတုံးဆွဲ၍ ညီညာသော မြေမျက်နှာပြင် ရရှိအောင် ပြုလုပ်ပါ။

 စိုက်ပျိုးချိန်နှင့် အတန်းကြားအကွာအဝေး

  • စိုက်ချိန်:

    • ပုံမှန်စိုက်: ဒီဇင်ဘာ – ဖေဖော်ဝါရီ (၁၅)

    • မိုးလယ်စိုက်: ဇူလိုင် – သြဂုတ်

    • ရာသီကြိုစိုက်: အောက်တိုဘာ (၁၅) – နိုဝင်ဘာ (၁၅)

  • ပင်ကြားတန်းကြား အကွာအဝေး: မြေအမျိုးအစားပေါ် မူတည်၍ (၃ – ၄.၅) ပေအထိ အတန်းကြား ထားရှိပါ။

  • တစ်ဧကလျှင် ကြံမျက်စေ့ (၂၀,၀၀၀) ဝင်အောင် စိုက်ပျိုးပါ။

 မြေသြဇာ ကျွေးမွေးခြင်း (ဓာတ်မြေသြဇာ ၄ ကြိမ်)

နွားချေး/သစ်ဆွေး (၈-၁၀) တန်ကို မြေခံအဖြစ် ထည့်သွင်းပြီး အောက်ပါအတိုင်း ဓာတ်မြေသြဇာ ကျွေးမွေးပါ။

  1. မြေခံ: ရွှေကောမက် (၅၀ ကီလို) + ကောမက်ဂျစ်ပ်ဆမ် (၅၀ ကီလို)

  2. ၆-၈ ပတ်သား: ရွှေကောမက် (၅၀ ကီလို) + ကောမက် ဂျီ-၂၁ (၅၀ ကီလို)

  3. ၁၂-၁၆ ပတ်သား: ကောမက် ဟိုင်းကေ (၅၀ ကီလို) + ကောမက် ဂျီ-၂၁ (၅၀ ကီလို)

  4. ဘောင်လုံးချိန်: ကောမက်ဟိုင်းကေ (၅၀ ကီလို)

 ပေါင်းနှိမ်နင်းနည်း

  • အန်မရီ: မြက်ပေါင်း (၄) စင်တီမီတာ၊ ရွက်ပြန့်ပေါင်း (၇) စင်တီမီတာ မကျော်မီ (၈၀၀-၁၀၀၀) ဂရမ်နှုန်း ရေဖျော်ဖျန်းပါ။

  • ပရိုမာ: ကြံပင် (၂-၃) လအရွယ် (၃-၄ ပေ) ရှိချိန်တွင် အတန်းကြား ပေါင်းများအတွက် အုပ်ဆောင်းတပ်၍ (၄၀၀-၅၀၀) စီစီနှုန်း ဖျန်းပါ။

မိမိတို့၏ ကြံခင်းများတွင် ပိုမိုထိရောက်သော မြေသြဇာ အသုံးပြုမှုနှင့် ပတ်သက်၍ သိရှိလိုပါက Myanma – Awba Comet Fertilizer Page တွင် မေးမြန်းနိုင်ပါသည်။ သင်၏ ကြံခင်းများ အထွက်နှုန်းကောင်း ဈေးကောင်းရကြပါစေ။

Relate Products

ဆက်စပ် ထုတ်ကုန်များ