ငရုတ်ပင်ညှိုးသေခြင်း အကြောင်းအရင်းများနှင့်ရောဂါခွဲခြားသတ်မှတ်နည်း
မြန်မာနိုင်ငံတွင် ငရုတ်စိုက်ပျိုးသူများ အများဆုံး ရင်ဆိုင်ရသည့် အခက်အခဲမှာ “ငရုတ်ပင်ညှိုးသေခြင်း” ဖြစ်သည်။ ဤပြဿနာသည် အကြောင်းရင်း တစ်ခုတည်းကြောင့် မဟုတ်ဘဲ မှို၊ ဘက်တီးရီးယား၊ နီမတိုဒ်ပိုးနှင့် စိုက်ပျိုးရေး စီမံခန့်ခွဲမှုဆိုင်ရာ အချက်များကြောင့် ဖြစ်ပွားနိုင်ပါသည်။ ရောဂါကို ထိရောက်စွာ ကာကွယ်နိုင်ရန်အတွက် အကြောင်းရင်းကို မှန်ကန်စွာ ခွဲခြားသတ်မှတ်နိုင်ရန် အရေးကြီးပါသည်။
၁။ မှိုနှင့် ဘက်တီးရီးယားကြောင့် ဖြစ်သော ပင်ညှိုးရောဂါများ
ဖျူဆေးရီယမ်ညှိုးရောဂါ (Fusarium Wilt):
-
-
လက္ခဏာ: အောက်ခြေအရွက်များ အဝါရောင်ပြောင်းသည်။ နေ့ခင်းညှိုးပြီး ညဘက်ပြန်ကောင်းတတ်သည်။ ပင်စည်ကို ဖြတ်ကြည့်လျှင် အတွင်းပိုင်း သွေးကြောများ အညိုရောင် သို့မဟုတ် နက်ညိုရောင် ပြောင်းနေတတ်သည်။
ဘက်တီးရီးယားညှိုးရောဂါ (Bacterial Wilt):
-
လက္ခဏာ: အရွက်စိမ်းလျက်နှင့် ရုတ်တရက် တစ်ပင်လုံး ညှိုးကျသွားသည်။ ပင်စည်ကို ရေထဲတွင် ဖြတ်၍ စိမ်ကြည့်ပါက အဖြူရောင် အချွဲများ စီးကျလာသည်ကို တွေ့ရတတ်သည်။ ပူနွေးစိုစွတ်သော ရာသီတွင် အလွန်ပြင်းထန်သည်။
ဖိုင်တိုပသိုရာ ပင်စည်/အမြစ်ပုပ်ရောဂါ (Phytophthora Blight):
-
လက္ခဏာ: မိုးများပြီး ရေဝပ်သောခင်းများတွင် အများဆုံးတွေ့ရသည်။ ပင်စည်အောက်ခြေတွင် အမည်းရောင် သို့မဟုတ် ရေစိုပုပ်ကွက်များ ဖြစ်ပေါ်ပြီး အပင် လျင်မြန်စွာ သေဆုံးတတ်သည်။
-
-
-
၂။ ပိုးမွှားနှင့် အခြားစီမံခန့်ခွဲမှုကြောင့် ဖြစ်သော အပင်ညှိုးခြင်း
-
မြစ်ဖုနီမတုတ်:မြေထဲရှိ နီမတုတ်များကြောင့် အမြစ်တွင် အဖုများဖြစ်ပေါ်ကာ အာဟာရနှင့် ရေစုပ်ယူမှု ကျဆင်းသွားသည်။ ဤအဖုများသည် အခြားမှိုရောဂါများ ဝင်ရောက်ရန် လမ်းကြောင်းပေးသကဲ့သို့ ဖြစ်စေသည်။
-
စိုက်ပျိုးရေးစီမံခန့်ခွဲမှု အမှားများ:
-
ရေဝပ်ခြင်း (သို့မဟုတ်) ရေလုံလောက်စွာ မရရှိခြင်း။
-
မြေသားကျစ်လျစ်၍ လေဝင်လေထွက် မကောင်းခြင်း။
-
အမြစ်ထိခိုက်ပျက်စီးခြင်းနှင့် မြေဩဇာ သုံးစွဲမှု မမျှတခြင်း။
-
💡 တောင်သူကြီးများအတွက် အကြံပြုချက် “ငရုတ်ပင်ညှိုးသည်” ဆိုတိုင်း မှိုဆေးတစ်မျိုးတည်းနှင့် နှိမ်နင်း၍ မရနိုင်ပါ။ ရောဂါဖြစ်စေသည့် အကြောင်းရင်း (မှို၊ ဘက်တီးရီးယား၊ နီမတုတ် ရေဝပ်ခြင်း) ကို အရင်ဆုံး မှန်ကန်စွာ ခွဲခြားသတ်မှတ်ရန် လိုအပ်ပါသည်။
မှန်ကန်သော ရောဂါခွဲခြားမှုသည် ထိရောက်သော ကာကွယ်နှိမ်နင်းမှု၏ အခြေခံအုတ်မြစ် ဖြစ်ပါသည်။
မိမိတို့ ငရုတ်စိုက်ခင်းတွင် ညှိုးရောဂါများ ကြုံတွေ့နေရပါက အသေးစိတ် တိုင်ပင်ဆွေးနွေးရန်အတွက် Myanma Awba Facebook Page သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
