ဘိုရွန်(B)၏ အပင်အတွက် အရေးပါမှု
ဘိုရွန်(Boron) သည် အပင်များအတွက် လိုအပ်သော micronutrient (အနည်းငယ်သာလိုအပ်သော်လည်း မရှိမဖြစ်လိုအပ်သော ဓါတ်) တစ်မျိုးဖြစ်ပြီး အပင်ကြီးထွားမှုနှင့် အသီးအနှံထွက်ရှိမှုအတွက် အရေးကြီးပါတယ်။ထို့ကြောင့် ဘိုရွန်၏ လုပ်ဆောင်ချက်များကို တောင်သူဦးကြီးများ သိရှိနိုင်ရန် တင်ပြလိုက်ရပါသည်။
ဘိုရွန်၏ အရေးပါသော လုပ်ဆောင်ချက်များ
-
ဆဲလ်နံရံ တည်ဆောက်ခြင်း
- အပင်၏ ဆဲလ်နံရံ (cell wall) များကို ခိုင်မာစေပြီး ပုံသဏ္ဍာန်မှန်ကန်စေသည်။
-
အသစ်တိုးပွားသော အစိတ်အပိုင်းများ (Growing points)
အမြစ်ခေါင်း (root tip)၊ မျက်စိ (bud) စသည့် နေရာများတွင် ဆဲလ်ခွဲခြားမှုကို အားပေးသည်။
-
ပန်းပွင့်ခြင်းနှင့် မျိုးပွားမှု
- ပန်းပွင့်နှုန်းကောင်းစေပြီး ဝတ်မှုန်မိခင်ဆဲလ် (pollen Mother Cell) များ၏ အရည်အသွေးကို မြှင့်တင်သည်
- မျိုးပွားခြင်းနှင့် အသီးတည်ခြင်းကို ကူညီသည်
-
အာဟာရနှင့် သကြား လှည့်လည်ပို့ဆောင်မှု
- သကြားများနှင့် အာဟာရဓာတ်များကို အပင်အတွင်း ပို့ဆောင်ရာတွင် ပါဝင်ကူညီသည်
- ကယ်စီယမ် သယ်ဆောင်ပစ္စည်း Carrier အဖြစ် သစ်သီးများဆီသို့ Ca ရောက်ရှိရန် ကူညီပေးသည်
-
အမြစ်ဖွံ့ဖြိုးမှု
- အမြစ်များ ပိုမိုကြီးထွားကောင်းမွန်စေပြီး မြေမှ အာဟာရစုပ်ယူမှုကို မြှင့်တင်သည်
-
အသီးအရည်အသွေး
- အသီးများဆွတ်ခူးချိန်အထိသာမက သိုလှောင်စဥ်၊ဈေးကွက်တင်စဥ်ကာလ အရည်အသွေးကောင်းစေရန် ထိန်းသိမ်းပေးသည်
အပင်တွင် ဘိုရွန်ဓာတ်မပြည့်ဝမှု (Deficiency) လက္ခဏာများ
- အပင်၏ အထက်ပိုင်း (shoot tips) များ သေသွားခြင်း
- အရွက်များ ကွေးကောက်ခြင်း၊ ပုံသဏ္ဍာန်မမှန်ခြင်း
- ပန်းမပွင့်ခြင်း သို့မဟုတ် အသီးမကောင်းခြင်း
- အမြစ်တိုးတက်မှုနည်းခြင်း
- ချို့တဲ့လွန်လျှင် အညွှန့်သေခြင်း။
- သန္ဓေအောင်မြင်မှုနည်းခြင်း/ အပင် အသီးမတင်ခြင်း
- အသီးနုများ ကြွေခြင်း။
သီးနှံအလိုက် ဘိုရွန် အသုံးပြုနည်း
1. စပါး (Rice)
- ဘိုရွန် လိုအပ်ချက် နည်းသော်လည်း အရေးပါသည်
- အသုံးပြုပုံ
- မြေထဲထည့်ခြင်း – ၁ ဧကလျှင် ၁–၂ kg (Boron fertilizer)
- ဖျန်းခြင်း – ပန်းပွင့်မတိုင်မီ အချိန်တွင် 1–0.2% ဖြင့် ဖျန်းနိုင်
2. ပြောင်း (Maize)
- အမြစ်ဖွံ့ဖြိုးမှုနှင့် ပန်းပွင့်ကာလတွင် အရေးကြီးပါသည်
- အသုံးပြုပုံ
- မြေထဲ – ၁ ဧကလျှင် ၁–၂ kg
- ဖျန်း – tasseling stage (အနှံပန်းဖူးထွက်ချိန်) တွင် ဖျန်းပေးနိုင်သည်
3. ဟင်းသီးဟင်းရွက်များ (ခရမ်းချဉ်၊ ခရမ်း၊ ငရုတ်)
- အသီးတည်မှုနှင့် အရည်အသွေးအတွက် အရေးကြီးသည်
- အသုံးပြုပုံ
- 1% boron solution ဖြင့် ၇–၁၀ ရက်ခြား ဖျန်း
- ပန်းပွင့်ချိန်တွင် အထူးအရေးကြီး
4. သီးနှံများ (ဖရဲ၊ သခွား၊ မုန်လာ)
- အသီးပုံသဏ္ဍာန်ကောင်းစေပြီး ချိုမြိန်မှုတိုးစေသည်
- အသုံးပြုပုံ
- ပန်းပွင့်ချိန်တွင် foliar spray (0.1–0.2%)
- မြေထဲထည့်လျှင် ၁ ဧက ၁ kg ခန့်
5. သီးပင်များ (သစ်သီးပင်)
- မျိုးအောင်မှုနှင့် အသီးတည်မှုအတွက် အရေးကြီးသည်
- အသုံးပြုပုံ
- ပန်းပွင့်မတိုင်မီနှင့် ပန်းပွင့်ပြီးချိန်တွင် ဖျန်းနိုင်သည်
- တစ်နှစ်လျှင် ၂–၃ ကြိမ် ဖျန်းပါ
7. သစ်သီးပင်များ (စပျစ်)
- စပျစ်ခိုင်တွင် ကြက်မကြီးနှင့်ကြက်ကလေးများကဲ့သို့ အရွယ်မညီသောအသီးများ မဖြစ်စေရန် ဘိုရွန်လိုအပ်သည်
8. ဝါ
သီးနှံပင်တွင် ရွက်ညှာများအက်ကြောင်းဖြစ်ပေါ်ခြင်း၊ဝါသီးများအရွယ်မရောက်ခင်ကြွေကျခြင်း၊ ပန်းပွင့်များအရောင်ပျက်ခြင်းတို့ မဖြစ်စေရန် ဘိုရွန်လိုအပ်ပါသည်
မြေဆီလွှာအာဟာရနှင့် သက်ဆိုင်သော ဗဟုသုတများအတွက် Myanma Awba – Comet Fertilizer Page တွင် လာရောက်မေးမြန်းနိုင်ပါသည်။
