အစေ့ထုတ်ပြောင်းစိုက်ပျိုးရာတွင် မဖြစ်မနေပြင်ဆင်ရမည့် အချက်များ
အစေ့ထုတ်ပြောင်းကို မြန်မာနိုင်ငံ၏ တောင်ပေါ်ဒေသများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ပြောင်းစိုက်ရာတွင် အဓိက အလေးထားရမည့်အချက်မှာ ရေမြေရာသီဥတုနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်ကို ရွေးချယ်စိုက်ပျိုးခြင်းဖြစ်သည်။
၁။ ဒေသနှင့် ကိုက်ညီသော မျိုးရွေးချယ်ခြင်း
| ဒေသ | အကြံပြုထားသော မျိုးများ |
| တောင်ပေါ်ဒေသ | ဆင်းရွှေလီစပ်မျိုး၊ ဧကရီ၊ ရေဆင်းစပ်မျိုး (၃ / ၅)၊ ၈၈၈မျိုး၊ ၉၉၉မျိုး |
| မြေပြန့်ဒေသ | ရွှေဝါ (၁)၊ စူဝမ် (၃)၊ ရေဆင်း (၂ ၊ ၄) |
၂။ စိုက်ပျိုးချိန် ကာလ
အစေ့ထုတ်ပြောင်းစိုက်ပျိုးရာတွင် အပင်ပေါက်များ မိုးဒဏ်ခံနိုင်ရည်ရှိစေရန် အပင်သက်တမ်းကို ချိန်ညှိစိုက်ပျိုးရန် လိုအပ်ပါသည်။
- မိုးရာသီ: မေလအတွင်း။
- ဆောင်းရာသီ: အောက်တိုဘာလ မှ နိုဝင်ဘာလကုန်အထိ။
၃။အပင်သက်တမ်းအလိုက် မြေသြဇာကျွေးရမည့် အချိန်ဇယား
ပြောင်းဖူးပင်သည် အာဟာရဓာတ် စားသုံးမှုများသဖြင့် အောက်ပါအတိုင်း အဆင့် (၄) ဆင့်ခွဲ၍ ကျွေးသင့်ပါသည်။
- မြေခံ: ယူရီးယား (၁)၊ တီစူပါ (၂)၊ ပိုတက်ရှ် (အိတ်ဝက်) ကို မြေပြုပြင်စဉ် တစ်ပါတည်းထည့်ပါ(သို့မဟုတ်) တစ်ဧကလျှင် ကောမက် စွမ်းအား (၅၀) ကီလို နှင့် ကောမက် ဂျစ်ဆမ် (၂၅)ကီလို အသုံးပြုနိုင်ပါတယ်။
- ၁ လသား (အပင်ကြီးထွားချိန်)တွင်ယူရီးယားကို ဒုတိယအကြိမ် ကျွေးပါ။
- ပန်းမပွင့်မီအချိန်တွင် ယူရီးယားကို တတိယအကြိမ် ကျွေးပါ။
- အစေ့တွင်းအစာဖြည့်ချိန်တွင် အစေ့အောင်မှုများစေရန် ယူရီးယားကို နောက်ဆုံးအပိတ်တစ်ကြိမ် ကျွေးပါ။
၄။ အပင်ပြုစုခြင်းနှင့် သတိပြုရန်အချက်များ
- အပင်ပေါက်ပြီး ၁၄ ရက်အတွင်း သားခွဲခြင်း /အပင်မှုန်းခြင်းကို အချိန်မီလုပ်ဆောင်ပါ။ နောက်ကျပါက အထွက်နှုန်း လျော့ကျနိုင်ပါသည်။
- ၃၅-၄၀ရက်သား အတွင်း ယူရီးယားကျွေးပြီး ဘောင်တင်ပေးခြင်းဖြင့် အမြစ်ခိုင်စေပြီး အစာချက်လုပ်မှု ကောင်းမွန်စေပါသည်။
- မိုးရေချိန် ၃၅-၄၅ လက်မသည် အကောင်းဆုံးဖြစ်သော်လည်း ၁ လသားအရွယ်တွင် မိုးသည်းထန်စွာရွာခြင်းနှင့် ရေဝပ်ခြင်းကို အထူးဂရုစိုက်ရပါမည်။
၅။ ရိတ်သိမ်းချိန်
- ပြောင်းဖူးဖက်များ ဝါလာခြင်း။
- အဖူးအညှာတွင် အညိုရောင်ကွင်း (Black Layer) ပေါ်လာခြင်း (၎င်းသည် အစေ့တွင်းစာဖြည့်တင်းမှု ရပ်တန့်လိုက်သည့် လက္ခဏာဖြစ်သည်)။
- ရိတ်သိမ်းပြီးနောက် အစိုဓာတ် ၂၅-၃၅% ရှိနိုင်သဖြင့် နေလှန်း၍ အစိုဓာတ်လျှော့ချရန် မဖြစ်မနေ လိုအပ်ပါသည်။
- အစေ့ထုတ်ပြောင်း စိုက်ပျိုးမည့် တောင်သူဦးကြီးများအတွက် တစ်ရာသီစာ လုပ်ငန်းစဉ်များကို အချိန်ကိုက် လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ ဤ စိုက်ပျိုးရေး ပြက္ခဒိန် (Crop Calendar) ကို ပြုစုပေးလိုက်ပါသည်
🌽 အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် သီးနှံပြက္ခဒိန်( Crop Calendar)
| ကာလ / သက်တမ်း | လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ | မြေသြဇာနှင့် အပင်ပြုစုခြင်း |
| မေလ (စိုက်ပျိုးချိန်) | မြေပြုပြင်ခြင်း၊ ထယ်ရေးဖော်ခြင်း၊ မျိုးစေ့ရွေးချယ်ခြင်းနှင့် လူးနယ်ခြင်း။ | မြေခံအဖြစ်ယူရီးယား ၊ တီစူပါ ၊ ပိုတက်ရှ် (အိတ်ဝက်) သို့မဟုတ်
ကောမက်စွမ်းအား ၅၀ကီလို + ကောမက်ဂျစ်ပ်ဆမ်။ |
| စိုက်ပြီး (၁၄-၁၅) ရက် | တစ်ကျင်း တစ်ပင်ချန်၍ သားခွဲပါ။ ပေါင်းမြက် နှိမ်နင်းပါ။ | ဩဘာမှ ဟုန်းဟုန်းတောက်ပေါင်းသတ်ဆေး ကို မြေအစိုဓာတ်ရှိစဉ် ဖျန်းပေးပါ။ |
| ရက်ပေါင်း (၂၀ – ၃၀) | ပထမအကြိမ် ရေသွင်းခြင်း၊မြေဆွပေးခြင်းနှင့် ပေါင်တင်ပေးခြင်း လုပ်ဆောင်ပါ။ | အပင်ကြီးထွားချိန်တွင် ယူရီးယား (သို့မဟုတ်) ကောမက်သီးစုံ + ကောမက်ဂျီ-၄၅ ကို ဒုတိယအကြိမ် ကျွေးပါ။ |
| ရက်ပေါင်း (၄၀ – ၄၅) | ဒုတိယအကြိမ် ရေသွင်းပြီး အဖိုနှံနှင့် အမအစို့လောင်းများ ထွက်ရှိလာမည့် အချိန်ဖြစ်ပါသည်။ | ပန်းမပွင့်မီတွင်ယူရီးယား (သို့မဟုတ်) ကောမက်သီးစုံ + ဂျီ-၄၅ ကို တတိယအကြိမ် ကျွေးပါ။ |
| ရက်ပေါင်း (၆၀ – ၈၀) | တတိယအကြိမ် ရေသွင်းခြင်း ဝတ်မှုံကူးချိန်နှင့် အစေ့တည်ချိန် ဖြစ်သဖြင့် ရေမပြတ်ရန် အရေးကြီးဆုံးဖြစ်ပါသည် | အစေ့များစေရန် အစေ့ညီစေရန် ယူရီးယားကို နောက်ဆုံးအကြိမ် ကျွေးပါ။ |
| ရက်ပေါင်း (၈၀ – ၁၀၀) | စတုတ္ထအကြိမ် ရေသွင်းခြင်း
အစေ့အတွင်း ကစီဓာတ် ဖြည့်တင်းမှုကို အထောက်အကူပြုသည်။ |
ပိုးမွှား ကျရောက်မှု ရှိ/မရှိ ပုံမှန်စစ်ဆေးပါ။
(စုပ်စားပိုး / ကိုက်စားပိုး) |
| စိုက်ပြီး (၄) လ / ၁၂၀ ရက် | အဖူးအညှာတွင် အညိုရောင်ကွင်း ပေါ်လာပါက ရိတ်သိမ်းပါ။ | ရိတ်သိမ်းပြီး နေလှန်းခြင်း၊ အစေ့ခြွေခြင်းနှင့် သန့်စင်ခြင်းတို့ကို စနစ်တကျ လုပ်ဆောင်ပါ။ |
-
အထူးသတိပြုရန်
ပြောင်းတွင် ဆိုးရွားစွာကျတတ်သော ဖောငမြောင်တောင် (Fall Armyworm )ကို အထူးသတိထားရပါမည်။
ပြောင်းပင်တွင် ငမြှောင်တောင်ပိုး ကျရောက်ပါက အရွက်များတွင် ပိုးကျရောက်ဖျက်ဆီးခံထားရသည့် အပေါက်များရှိနေခြင်း၊ အရွက်အနားများ စုတ်ပြတ်နေခြင်းနှင့် လောက်ကောင်၏ မစင်များကို ပြောင်း အရွက် အူတိုင်တွင်း တွေ့ရခြင်း စသည်တို့ကို ထင်ရှားစွာ မြင်ရသည်။ အပင်ငယ်စဉ်တွင် ဆိုးဝါးစွာ ကျရောက်ပါက ပြောင်းပင်အလယ်ရှိ ခေါင်ညွှန့်များ ဝါခြောက်ခြင်းလက္ခဏာကို တွေ့ရသည်။
အကျဥ်းချုပ်အနေဖြင့်
အောင်မြင်သော ပြောင်းစိုက်ခင်းအတွက် အဓိကသော့ချက်များမှာ
- ရေဝပ်ခြင်းကို ရှောင်ပါ၊ အထူးသဖြင့် စိုက်ပြီး ပထမ (၁) လအတွင်း ရေမဝပ်စေရန် ရေနုတ်မြောင်းများ ကြိုတင်ပြင်ဆင်ပါ။
- ဝတ်မှုံကူးမှု ကောင်းမွန်စေရန် စိုက်တန်းများကို လေတိုက်ရာလမ်းကြောင်းနှင့် ကန့်လန့်ဖြတ် စိုက်ပျိုးပါ။
- အပင်သက်တမ်း (၄၅) ရက်ဝန်းကျင်တွင် ငမြှောင်တောင်ပိုးနှင့် ခေါင်ညွန့်ထိုးပိုးများကို အထူးသတိထားပါ။
- ရိတ်သိမ်းပြီး အစိုဓာတ် (၁၃-၁၄) ရာခိုင်နှုန်းခန့် ရောက်သည်အထိ နေလှန်းပေးခြင်းက သိုလှောင်မှုသက်တမ်းကို ကြာရှည်စေပါသည်။
အစေ့ထုတ်ပြောင်း စိုက်ပျိုးနည်းနှင့်ပတ်သတ်၍ အသေးစိတ်အချက်အလက်များသိရှိလိုပါက Myanma Awba စိုက်ပျိုးရေးပညာပေးကွန်ရက်တွင် ဝင်ရောက်မေးမြန်းနိုင်ပါသည်။
@KTH
