ဆိုင်ကလုံး (Cyclone) ပိုးသတ်ဆေးအကြောင်း တောင်သူဦးကြီးများ သိလိုသမျှ (FAQ)

 စိုက်ပျိုးရေးလုပ်ငန်းခွင်မှာ ဖျက်ပိုးတွေကြောင့် သီးနှံတွေ ပျက်စီးရတာဟာ တောင်သူတိုင်းအတွက် ခေါင်းခဲစရာ ပြဿနာတစ်ခုပါ။

ဒီလိုပြဿနာကို ထိရောက်စွာ ဖြေရှင်းနိုင်ဖို့အတွက် တောင်သူဦးကြီးတို့အကြိုက်  ဆိုင်ကလုံး (Cyclone) ပိုးသတ်‌‌ဆေး ပြန်လာပြီဖြစ်တဲ့အကြောင်းနဲ့ သိလိုတဲ့ မေးခွန်းတွေအတွက် အမေး၊ အဖြေ ကဏ္ဍလေးနဲ့ စုစည်းတင်ပြပေးလိုက်ပါတယ်။

၁။ ဆိုင်ကလုံး (Cyclone) ရဲ့  Ai က ဘာလဲ ၊ ဘယ်လိုပိုးမွှားတွေကို အဓိကနှိမ်နင်းပေးနိုင်သလဲ?

ဆိုင်ကလုံးဟာ လူဖီနူရွန်(Lufenuron ) + ပရိုဖန်နိုဖော့စ်(Profenofos)ဆိုတဲ့ အစွမ်းရှိပစ္စည်းတွေ ဖြစ်ပါတယ်။

ဆိုင်ကလုံးဟာ ထိသေ၊ စားသေ အာနိသင် ရှိတဲ့ ပိုးသတ်ဆေးဖြစ်ပြီး အထူးသဖြင့် ကိုက်ဖြတ်စားသောက်တတ်တဲ့ ကိုက်စားပိုးကောင်တွေကို အမြစ်ပြတ် နှိမ်နင်းနိုင်ပါတယ်

  • ကိုက်ဖြတ်စားပိုးများ: သီးလုံးဖောက်ပိုး၊ ငမြှောင်တောင်၊ ရွက်လိပ်ပိုး၊ ရွက်စားပိုးများ။

  • စုပ်စားပိုးများ: ပျပိုး၊ လှေးပိုး၊ ဖြုတ်ပိုး အချို့ကိုလည်း အတန်အသင့် နှိမ်နင်းနိုင်ပါတယ်။

  • အသုံးပြုနိုင်သော သီးနှံ: စပါး၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်နှင့် သီးနှံပင် အမျိုးမျိုးမှာ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

၂။ ဆေးနှုန်းထားနှင့် စနစ်တကျ ဖျော်စပ်အသုံးပြုနည်း

ဆေးအာနိသင် အပြည့်အဝရရှိဖို့အတွက် မှန်ကန်တဲ့ ဆေးနှုန်းထားကို အသုံးပြုဖို့ လိုအပ်ပါတယ် –

  • အသုံးပြုရမည့်နှုန်း: ဆေးဖြန်းပုံး (၂၀ လီတာဝင်) တစ်ပုံးလျှင် ၄၀ စီစီ မှ ၆၀ စီစီ  အချိုးအစားဖြင့် အသုံးပြုပါ။

  • ဆေးရောစပ်ခြင်း: ဆိုင်ကလုံးကို ရွက်ဖျန်းအားဆေးတွေနဲ့ ရောစပ်နိုင်ပါတယ်။ သို့သော် အယ်လ်ကာလီ (Alkaline) ဓာတ်များသော ဆေးများနှင့် ရောစပ်ခြင်းကို ရှောင်ကြဉ်ရပါမယ်။

  • မှတ်ချက်: ဆေးရောစပ်တဲ့အခါ တစ်မျိုးချင်းစီကို အရင်ခွက်အသေးတစ်ခုတွင် စမ်းသပ်ရောစပ်ပြီးမှသာ ဆေးဖျန်းပုံးထဲရောခြင်းက ပိုမိုဘေးကင်းပါတယ်။

၃။ ဆေးဖြန်းရန် အကောင်းဆုံးအချိန်နှင့် သီးနှံဆွတ်ခူးရန် သတိပြုရမည့်ကာလ (PHI)

ဆေးဖြန်းတဲ့အချိန်နဲ့ သီးနှံဆွတ်ခူးတဲ့ ကာလဟာ စားသုံးသူ ဘေးကင်းရေးအတွက် အလွန်အရေးကြီးပါတယ် –

  • ဆေးဖြန်းရန်အချိန်: နေပူရှိန်ပြင်းချိန်ကို ရှောင်ပါ။ နံနက်စောစော သို့မဟုတ် ညနေစောင်း အချိန်များသည် အကောင်းဆုံးဖြစ်ပြီး ဆေးအာနိသင်ကို ပိုမိုထိရောက်စေပါတယ်။(မိမိသေစေလိုသည့် ပိုး၏ ဘဝစက်ဝန်းကို လေ့လာပြီး ဖျန်းပါ)

  • ဆွတ်ခူးရန်စောင့်ဆိုင်းရမည့်ကာလ (PHI): ဆိုင်ကလုံးဟာ အာနိသင် အကြွင်းအကျန် ကျန်ရှိနိုင်တဲ့အတွက် ဆေးဖြန်းပြီးနောက် အနည်းဆုံး ၇ ရက် မှ ၁၄ ရက် အတွင်း သီးနှံကို မဆွတ်ခူးသင့်ပါ။

၄။ အသုံးပြုသူနှင့် ပတ်ဝန်းကျင်အတွက် အထူးသတိပြုရန် အချက်များ

ဆေးအသုံးပြုရာမှာ မိမိကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်ကို မထိခိုက်အောင် အောက်ပါအချက်တွေကို လိုက်နာပါ

  • ရေနေသတ္တဝါများ သတိပြုရန်: ဆိုင်ကလုံးဟာ ငါးနှင့် ပုစွန် များအတွက် အလွန်အဆိပ်ပြင်းပါတယ်။ ဒါကြောင့် ငါးကန်၊ ချောင်းမြောင်းတွေအနီးမှာ ဆေးဖြန်းခြင်းနဲ့ ဆေးပုံးဆေးကြောခြင်းတွေကို လုံးဝရှောင်ကြဉ်ပါ။

  • ကာကွယ်ရေးဝတ်စုံ: ဆေးဖြန်းရာမှာ လက်အိတ်၊ နှာခေါင်းစည်း (Mask) နှင့် အကာအကွယ် အဝတ်အစားများ စနစ်တကျ ဝတ်ဆင်ပါ။

  • ဆေးယဉ်ပါးမှု ကာကွယ်ရန်: ဆေးတစ်မျိုးတည်းကိုပဲ အကြိမ်ကြိမ် မသုံးဘဲ အခြားအုပ်စုဝင် ပိုးသတ်ဆေးများနှင့် လှည့်လည်အသုံးပြုပေးသင့်ပါတယ်။

  နိဂုံးချုပ်အနေနဲ့  ဆေးမသုံးစွဲမီ ဆေးဘူးခွံပေါ်ရှိ ညွှန်ကြားချက်များကို အမြဲဖတ်ရှုဖို့ မမေ့ပါနဲ့ခင်ဗျာ။

တောင်သူဦးကြီးတို့ရဲ့ စိုက်ခင်းထဲမှာ ပိုးမွှားကျရောက်မှုနဲ့ ပတ်သက်ပြီး အခက်အခဲရှိနေပါသလား? ဆိုင်ကလုံးအသုံးပြုပုံနဲ့ ပတ်သက်ပြီး ပိုမိုသိရှိလိုပါက  ကျွန်ုပ်တို့ရဲ့ စိုက်ပျိုးရေးပညာရှင်များနဲ့ တိုက်ရိုက်ဆွေးနွေးနိုင်ဖို့ Myanma Awba Facebook Page မှာ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ