မျိုးစေ့လူးနယ်ဆေး လူးနယ်စိုက်ပျိုးရခြင်း၏ အကျိုးကျေးဇူး (၅) ချက်
စိုက်ပျိုးရေးတွင် မျိုးစေ့သည် အရေးကြီးဆုံးနှင့် တန်ဖိုးအရှိဆုံး သွင်းအားစုဖြစ်သည့်အတွက် မိမိသီးနှံပင်ကို အကောင်းဆုံးကာကွယ်နိုင်ရန် မျိုးစေ့လူးနယ်ဆေး (Seed Treatment) များသည် အလွန်အရေးပါသည်။
သို့ဖြစ်၍ မျိုးစေ့လူးနယ်စိုက်ပျိုးရခြင်း၏ အဓိကအကျိုးကျေးဇူးများကို အောက်ပါအတိုင်း အနှစ်ချုပ်ဖော်ပြပေးလိုက်ပါသည်။
၁။ အပင်ငယ်ဘဝကို ဘက်စုံထောင့်စုံမှ ကာကွယ်ခြင်း
မျိုးစေ့အပင်ပေါက်ကာစ နုနယ်သည့်ကာလတွင် မြေဆီလွှာအတွင်းရှိ ရောဂါနှင့် ပိုးမွှားများ၏ရန်မှ ကာကွယ်ပေးသည်။အပင်ငယ်ဘဝတွင် မြေဆီလွှာမှ အပင်အားယူနိုင်ရန် ထောက်ပံ့ပေးသည်
၂။ လုပ်ငန်းခွင် ပိုမိုထိရောက်မြန်ဆန်ခြင်း
မျိုးစေ့လူးနယ်ဆေးတစ်ခုတည်းတွင် မှိုသတ်ဆေး၊ ပိုးသတ်ဆေးနှင့် အပင်အားဆေး စသည့် အာနိသင်များစွာ စုစည်းပါဝင်သည့်အတွက် တစ်ကြိမ်တည်းဖြင့် အလုပ်တွင်ကာ တောင်သူများအတွက် အချိန်ကုန်သက်သာစေသည်။
၃။ ပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချပေးခြင်း
- လယ်ကွင်းတစ်ခုလုံးကို ဆေးဖျန်းခြင်းနှင့် ယှဉ်ပါက မျိုးစေ့လူးနယ်ဆေးသည် ဓာတုဗေဒပစ္စည်းများ မြေဆီလွှာပေါ် ပျံ့နှံ့မှုကို ရာခိုင်နှုန်းများစွာ လျှော့ချပေးသည်။
- မျိုးစေ့ကိုသာ တိုက်ရိုက်ဆေးလူးထားခြင်းဖြစ်၍ ပျားများကဲ့သို့သော အကျိုးပြုပိုးမွှားများကို ထိခိုက်မှုနည်းပါးစေသည်။
၄။ အပင်ကြီးထွားမှုနှင့် မြေဆီလွှာကျန်းမာရေးကို အထောက်အကူပြုခြင်း
လူးနယ်ဆေးတွင်ပါဝင်သော အပင်အတွက်အထောက်အကူပြု ဘက်တီးရီးယားများက လေထုထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူပေးပြီး အပင်ငယ်များအတွက် လိုအပ်သောအာဟာရကို ပိုမိုရရှိစေကာ မြေဆီလွှာကို ကျန်းမာစေသည်။
၅။ အပင်နှင့် မိမိစိုက်ခင်း၏ လိုအပ်ချက်အလိုက် ရွေးချယ်နိုင်ခြင်း
မိမိစိုက်ခင်း၏ အခြေအနေပေါ်မူတည်၍ လိုအပ်သော ဆေးအမျိုးအစားကို ရွေးချယ်လူးနယ်နိုင်သည်။ ဥပမာ – ပဲပုပ်ကို အထွက်နှုန်းကောင်းရန် စောစောစိုက်လိုသူများအတွက်ရောဂါဒဏ်ခံနိုင်ရန် မှိုသတ်ဆေးများကို ရွေးချယ်လူးနယ်နိုင်သည်။
ထို့ကြောင့် မျိုးစေ့လူးနယ်ဆေးများကို အသုံးပြုခြင်းသည် အစကောင်းပြီးအနှောင်းသေချာစေမှာ ဖြစ်သောကြောင့် တောင်သူဦးကြီးများအနေဖြင့် အသုံးပြုသင့်ပါကြောင်း တိုက်တွန်းလိုက်ပါသည်။
မျိုးစေ့လူးနယ်ဆေးအသုံးပြုလိုပါက Myanma Awba Facebook Page တွင် လာရောက်ဆွေးနွေးနိုင်ပါသည်။
