ပိုလာစတား

ကြက်သွန်ပေါင်းအုပ်ဆေး

အသေးစိတ်ဖော်ပြချက်

ဆေးအမည် ပိုလာစတား
အစွမ်းရှိပစ္စည်း (AI) Metolachlor 300 % + Pendamethalin 150 % + Oxyfluorfen 50 %
ဆေးအမျိုးအစား ပေါင်းသတ်ဆေး
အသုံးပြုရမည့်ပုံစံ ရွက်ဖျန်း
‌ဆေးအာနိသင်ပြန့်နှံ့ပုံ
  • ထိသေ၊ ပင်လုံးပြန့် အာနိသင်ရှိသည်။
  • Metolachlor – အညွန့်လောင်းမှ အဓိကစုပ်ယူပြီး ပေါင်းမြက်များကို နှိမ်နင်းပေးသည်။
  • Pendamethalin – အဓိကအားဖြင့် အမြစ်နှင့်အညွန့်တို့မှ စုပ်ယူပြီး ပေါင်းမြက်များကို သတ်ပေးသည်။
  • Oxyfluorfen – အမြစ်မှစုပ်ယူမှုထက် အရွက်မှပိုမိုလျင်မြန်စွာ စုပ်ယူသည်။
‌သုံးစွဲ၍ရသောသီးနှံ ကြက်သွန်နီ၊ ကြက်သွန်ဖြူ။
နှိမ်နှင်းနိုင်သော ပေါင်းများ ၁ နှစ်ခံ မြက်ပေါင်းများ၊ မုံညင်း နှင့် ရွက်ပြန့်ပေါင်းများ။
သုံးစွဲရမည့်အချိန်
  • ကြက်သွန်ရွေ့မစိုက်မီ စိုက်ကျင်း စိုက်ဘောင်များပေါ်သို့ ရှေ့ ၁ ရက် ကြိုတင်ပက်ဖျန်းနိုင်သည်။
  • စိုက်ရေပေးပြီး ခြေနင်းခံသည့်အချိန်တွင်လည်း ပက်ဖျန်းနိုင်သည်။ ပေါင်းမပေါက်မီ ပက်ဖျန်းရန်လိုပါသည်။
နှုန်းထား ရေ ၂၀ လီတာဝင် ဆေးဖျန်းပုံး ၁ ပုံးလျှင် မြင်းခေါင်းစတီးဇွန်း ၁၀ ဇွန်း ထည့်ပြီး ကြက်သွန်နီ ၁ ဧကလျှင် ဆေးဖျန်းပုံး ၁၀ ပုံး(၁လီတာ/ဧက)၊ ကြက်သွန်ဖြူ ၁ ဧကလျှင် ဆေးဖျန်းပုံး ၈ ပုံး(၈၀၀စီစီ/ဧက) ခန့် ဖျန်းနိုင်သည်။
အဓိကအကျိုးကျေးဇူးများ
  • ပေါင်းအုပ်စု (၃)မျိုး (မြက်၊ မုံညင်း၊ ရွက်ပြန့်) ကို ၁ ကြိမ်သုံးရုံဖြင့် ထိရောက်စွာနိမ်နှင်းနိုင်သည်။
  • သတ်မှတ်နှုန်းထားအတိုင်း ပက်ဖျန်းပါက ထိရောက်မူရှိပြီး သီးနှံပင်လောင်ကျွမ်းမူ မရှိပါ။သတ်မှတ်နှုန်းထားထက် ပိုဖျန်းမိလျှင် သီးနှံပင် အနည်းငယ်ထိခိုက်နိုင်သည်။
  • အစေ့ကြီးသော၊ အပင်အကိုင်းအတက်မှပေါက်သော ရွက်ပြန့်ပေါင်းများတွင် အနည်းငယ်အားနည်းသည်။
  • ၁ ဧကကုန်ကျစရိတ် ဈေးနှုန်း သက်သာပြီး တွက်ခြေကိုက်သော ရွေးချယ်ပေါင်းသတ်ဆေးဖြစ်သည်။

ဆက်စပ်ထုတ်ကုန်များ