ပိုလာ

ကြက်သွန်ရွေးချယ်ပေါင်းသတ်ဆေး

အသေးစိတ်ဖော်ပြချက်

ဆေးအမည် ပိုလာ
အစွမ်းရှိပစ္စည်း (AI) Oxyfluorefen 23.5% E
အသုံးပြုရမည့်ပုံစံ ရွက်ဖျန်း
‌ဆေးအာနိသင်ပြန့်နှံ့ပုံ ပေါင်းပင်၏ အရွက်နှင့် အညွန့်တို့မှ အဓိက စုပ်ယူပြီး ပေါင်းပင်ကို သတ်နိုင်သော ရွေးချယ်ထိသေ ပေါင်းသတ်ဆေးဖြစ်သည်။ အမြစ်မှစုပ်ယူမှုအားနည်းပြီး အပင်အတွင်း ပြန့်နှံ့မှုအားနည်းသည်။
‌အသုံးပြုနိုင်သောပေါင်း ရွက်ပြန့်ပေါင်း (မှိုချဉ်၊ ရှမ်းပြေး၊ ဂျိုးခြေထောက်)၊ မြက် (ဆင်ငို၊ လက်သဲကွဲ၊ လက်သဲခွ) ။
‌အသုံးပြုနိုင်သောသီးနှံ ကြက်သွန်နီ၊ ကြက်သွန်ဖြူ။
နှုန်းထား
  • ရေ ၂၀လီတာဝင် ဆေး ၁ ပုံးလျှင် မြင်းခေါင်းစတီးဇွန်း ၃ – ၅ ဇွန်း ထည့်ပြီး ၁ ဧက ၅ – ၈ ပုံး (၁၅၀ – ၄၀၀ စီစီ/ဧက) နှုန်းဖြင့် ပေါင်းမပေါက်ခင် ကြိုဖျန်းနိုင်သည်။
  • နှုန်းထားအမြင့်ကို ကြိတ်မှန်ပေါင်းကာကွယ်ရန် အုပ်ဆေးအဖြစ်သုံးနိုင်သည်။
အဓိကအကျိုးကျေးဇူးများ
  • မြက် နှင့် ရွက်ပြန့်ပေါင်းများကို အထူးကာကွယ်နှိမ်နင်းခြင်း၊ ပေါင်းမပေါက်မီ နှင့် ပေါက်ပြီး အသုံးပြုနိုင်ခြင်း။
  • ကုန်ကျစရိတ် သက်သာစွာဖြင့် ပေါင်းနှိမ်နင်းနိုင်ခြင်း။
  • ဖော်ကျွန်း နှင့်တွဲဖျန်းပါက ပိုထိရောက်ခြင်း။

ဆက်စပ်ထုတ်ကုန်များ