ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-08-26
Share to
ဩဂုတ်လ ၂၀ ရက်နေ့ မှ ဩဂုတ်လ ၂၆ ရက်နေ့ အထိ တစ်ပတ်စာ ‌ဈေးကွက်သုံးသပ်ချက်

FOB ဈေးနှုန်းများ ဆက်တိုက် ကျဆင်းနေတဲ့ မတ်ပဲ နဲ့ ပဲစင်းငုံ

မတ်ပဲ နဲ့ ပဲစင်းငုံနီ FOB ဈေးနှုန်းတွေက ဆက်တိုက်ကျဆင်းနေပါတယ်။ ဈေးကွက်အတွင်း ပြည်ပပို့ကုန်ပဲ ဈေးနှုန်း တွေကတော့ တည်ငြိမ်မှု မရှိပါဘူး။ လက်ရှိမှာတော့ မတ်ပဲ ရော ပဲစင်းငုံနီရော အရောင်းအဝယ်အေး တဲ့ အခြေအနေ ဖြစ်တယ်လို့ ကုန်သည်အချို့ ထံကနေ သိရပါတယ်။ မတ်ပဲ အသစ်တွေကတော့ ဈေးကွက်ထဲကို အဝင်ပုံမှန်ရှိ နေပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ လက်ရှိ မုတ်သုံမိုး အားကောင်းမှု နဲ့ အတူ မတ်ပဲ စိုက်ပျိုးမှု ကို တိုးမြှင့်နေပေမယ့် ပြီးခဲ့တဲ့ နှစ်နဲ့ ယှဉ်ရင် လျော့ကျနေဆဲ အခြေအနေ ဖြစ်တာကြောင့် မတ်ပဲက ရေရှည်မှာ လိုအပ်နိုင်တယ်လို့ အိန္ဒိယ သတင်းတွေ ရဲ့ အဆိုအရ သိရပါတယ်။ ဒါပေမယ့် လတ်တလော ဈေးစောင့်ကြည့် ဝယ်ယူတာတွေ ရှိနေပြီး အိန္ဒိယနိုင်ငံတွင်း မတ်ပဲ အသစ်တွေ ဈေးကွက်ထဲ အဝင်ရှိတာကြောင့် ဈေးက ဆက်တိုက် ကျဆင်းနေခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်မှာ မြန်မာ မတ်ပဲ FAQ က တစ်တန်ကို ရူပီး ၈၁၅၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်ယှဉ်ရင် တစ်တန်ကို ၃၅၀ ရူပီး ‌ဈေးကျဆင်းပါတယ်။ ပဲစင်းငုံနီ တစ်တန်ကို ရူပီး ၉၈၀၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ၂၅၀ ရူပီးဈေးကျဆင်းသွားပါတယ်။

မတ်ပဲ FOB ဈေးနှုန်းကတော့ တစ်တန်ကို ၈၆၀ မှ ၈၇၀ ဒေါ်လာ ပေါက်ဈေးရှိပြီး ၃၅ ဒေါ်လာ ဈေးကျဆင်းပါတယ်။ ပဲစင်းငုံနီ FOB ဈေးနှုန်းကတော့ တစ်တန်ကို ၁၁၂၀ မှ ၁၁၃၀ ဒေါ်လာ ရှိပြီး တစ်တန်ကို ဒေါ်လာ ၃၀ ဈေးကျဆင်းသွားခဲ့ပါတယ်။

 မတ်ပဲ(FAQ/RC) က တစ်တန်ကို ၃၇၉၇၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ် နဲ့ နှိုင်းယှဉ်ရင် ၃၂၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။(SQ/RC) ကတော့ တစ်တန်ကို ၄၁၈၇၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၃၂၀၀၀ ကျပ်မြင့်ပါတယ်။

ပဲစင်းငုံနီကလည်း ‌တစ်တန်ကို ၄၇၈၂၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ၃၂၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ပြည်တွင်းပေါက်ဈေး များနေခြင်းဟာ ကျပ်ငွေတန်ဖိုးကျဆင်းနေတဲ့ အတွက်ကြောင့် သာ ဖြစ်ပြီး တစ်လ အတွင်း FOB ဈေးနှုန်းတွေဟာ တစ်တန်ကို ဒေါ်လာ ၁၀၀ နီးပါး ဈေးကျဆင်းသွားခဲ့ပါတယ်။

ဈေးတွေ ပြန်ကျဆင်းသွားတဲ့ ကုန်ခြောက် များ

ပြည်ပပို့ကုန်ပဲ တွေက ငွေကြေးဈေး နဲ့ အတူ မြင့်တက်လာပေမယ့်ကြက်သွန်နီ ကြက်သွန်ဖြူ နဲ့ အာလူးဈေးတွေကတော့ ဈေးပြန်ကျဆင်းသွားပါတယ်။
ကြက်သွန်နီကတော့ ပြည်တွင်းပြည်ပ ဝယ်လိုအားလျော့နည်းတဲ့အတွက် ဈေးကျဆင်းနေခဲ့တာ ဖြစ်ပြီး နေ့စဉ် ကုန်စည်ဒိုင် အဝင်ပေါ် မူတည်ပြီးသာ အတက်အကျ အနည်းငယ်ရှိနေတာ ဖြစ်ပါတယ်။ ဈေးကွက်ထဲကို ဆိပ်ဖြူ၊မုံရွာ၊မြင်းခြံ၊နဲ့ တောင်သာ တို့ အဝင်ရှိပြီး ပိဿာချိန် တစ်သိန်း ပတ်လည်သာ အဝင်ရှိပါတယ်။ ကြက်သွန်နီ တစ်ပိသာကို အနိမ့်ဆုံး ဈေး ၁၅၀၀ ကနေ ၂၃၀၀ ကြားရှိနေပါတယ်။

ဆက်တိုက်ဈေးမြင့်တက်နေတဲ့ ကြက်သွန်ဖြူ (ကြူကုတ်) က ဈေးပြန်ကျဆင်းသွားပြီး ရှမ်းဈေးက အနည်းငယ်ပြန်မြင့်တက်လာခဲ့ပါတယ်။ တစ်ပိဿာကို ၂၅၀၀၀ အထိ မြင့်တက်ခဲ့တဲ့ ကြူကုတ်ကြောင့် ဈေးကွက်အတွင်း အဝယ်နည်းပြီး ရှမ်းကြက်သွန်တွေ အဝယ်ပြန်သွက်ပြီး ဈေး မြင့်လာတာလို့ ဆိုပါတယ်။လမ်းခရီးအခြေနေ ကြောင့်လည်း ကြူကုတ်တွေက ဈေးမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ကြူကုတ်တစ်ပိဿာကို ၁၉၀၀၀ မှ ၁၉၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ရှမ်းကတော့တ စ်ပိဿာကို ၁၀၀၀၀ မှ ၁၂၅၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၅၀၀ လောက်ဈေးတက်ပါတယ်။

ဆက်တိုက် အမြင့်ဈေးနဲ့ ရှိနေတဲ့ တရုတ်အာလူးဈေးတွေက ဈေးပြန်ကျဆင်းလာပါတယ်။ဈေးကွက် အတွင်း အောင်ပန်းအာလူးအသစ်တွေ အဝင်ရှိနေတာ ဖြစ်ပြီး ဈေးမြင့်မားတဲ့အတွက် အဝယ်လည်း နည်းသွားတယ်လို့ သိရပါတယ်။

တရုတ်အားလူးတစ်ပိဿာကို ၄၅၀၀ မှ ၄၇၀၀ ရှိပြီးတစ်ပိဿာကို ၈၀၀ ကျပ်ဈေးကျဆင်းသွား ပါတယ်။ အောင်ပန်း အာလူးတွေအသစ်တွေကတော့ ဈေးကွက်ထဲကို ဝင်လာပြီး တစ်ပိဿာကို ၁၉၀၀ ကနေ ၃၀၀၀ကြားပေါက်ဈေးရှိနေပါတယ်။


မေမီမောင်(AMIA)

 

News

ဆက်စပ်သတင်းများ

September 21, 2024