ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-08-19
Share to
ကြူကုတ် ကြက်သွန်ဖြူစျေး ဆက်တိုက်မြင့်တက်လာပြီး လက်လီစျေးကွက်မှာ ၂၈၀၀၀ ကျပ်အထိရှိလာ

တရုတ်ကြက်သွန်ဖြူ( ကြူကုတ်)က ယခုဩဂုတ်လ တတိယပတ်အတွင်း လက်လီစျေးကွက်ထဲမှာ တစ်ပိဿာကို ၂၈၀၀၀ ကျပ်အထိစျေးတန်းအထိမြင့်တက် လာတယ်လို့ ကြက်သွန်ဖြူရောင်းဝယ်ရေးလုပ်ကိုင်သူတွေဆီကသိရပါတယ်။

လက်ရှိမှာ တရုတ်ကြက်သွန်ဖြူက နယ်စပ်လမ်းကြောင်းကနေ ဝင်ရောက်မှုနည်းပါးပြီး ပစ္စည်းပြတ်လပ်မှုရှိလာတဲ့အပြင်လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် ကြူကုတ်ကြက်သွန်ဖြူစျေးက ခုရက်ပိုင်းမှာဆက်တိုက်မြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။

"ကြက်သွန်ဖြူကလည်း အာလူးလိုပဲတရုတ်ကနေ နယ်စပ်လမ်းကြောင်းကဝင်ရတာ။အခုက နယ်စပ်တွေကလည်းအဆင်မပြေတော့တင်သွင်းမှုကနည်းတော့ မလုံလောက်ဘူး။လုပ်ငန်းသုံးသမားကလည်းဒါပဲသုံးတော့ ဝယ်လိုအားနဲ့ရောင်းလိုအား မမျှဘူးပေါ့။စျေးကတရက်ထက်တရက်ပိုတက်လာတဲ့အခြေအနေပါ။" လို့ ​ဘုရင့်နောင်ကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။

လက်ရှိ ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်စျေးကွက်မှာ ကြူကုတ်ကြက်သွန်ဖြူတစ်ပိဿာကို၂၂၀၀၀ မှ ၂၃၀၀၀ ကျပ်ရှိပြီး ရှမ်းပြည်ထွက်ကြက်သွန်ဖြူက အောင်ပန်းထူး ၂တစ်ပိဿာကို ၁၀၅၀၀ ကျပ်၊အောင်ပန်းထူး ၃ က ၁၁၀၀၀ ကျပ်၊အောင်ပန်းထူး ၄က ၁၁၅၀၀ ကျပ်၊ အောင်ပန်းထူး ၅က ၁၂၀၀၀ ကျပ်ရှိ
ိပါတယ်။

ရှမ်းပြည်နယ် အောင်ပန်းကုန်စည်စျေးကွက်မှာတော့ ကြူကုတ်ကြက်သွန်ဖြူဝင်ရောက်မှုမရှိဘဲပစ္စည်းပြတ်လပ်နေပြီး အောင်ပန်းထူး ၁ တစ်ပိဿာကို ၁၀၅၀၀ ကျပ်၊ အောင်ပန်းထူး ၂ က ၁၁၀၀၀ ကျပ်၊အောင်ပန်းထူး ၃ က ၁၁၅၀၀ ကျပ်၊အောင်ပန်းထူး ၄က ၁၂၀၀၀ ကျပ်၊ အောင်ပန်းထူး ၅က ၁၂၅၀၀ ကျပ်၊အောင်ပန်းထူးလွန်က ၁၃၀၀၀ ကျပ် ၊ ဥတစ်လုံးအလတ်ဆိုဒ် ၂၂၀၀၀ ကျပ်နဲ့ဥတစ်လုံးအသေးဆိုဒ်က ၂၀၀၀၀ ကျပ် ရှိတယ်လို့သိရပါတယ်။

" ရှမ်းဘက်ကို ကြူကုတ်က ပစ္စည်းအဝင်ပြတ်နေတယ်။လမ်းကြောင်းတွေကလည်း မကောင်းဘူး။ကြူကုတ်စျေးတက်လို့ ရှမ်းကြက်သွန်ဖြူစျေးလည်းတက်ပါတယ်။ဒါပေမယ့် အများကြီးတော့မတက်ဘူး။"လို့ ကုန်သည်တစ်ဦးကပြောပါတယ်။

ဇူလိုင်လ ၃၁ ရက်တုန်းက ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြူကုတ်ကြက်သွန်ဖြူတစ်ပိဿာကို ၁၃၅၀၀ မှ ၁၃၇၀၀ ကျပ်သာ ရှိပြီး ရှမ်းပြည်ထွက်ကြက်သွန်ဖြူက အောင်ပန်းထူး ၂တစ်ပိဿာကို ၉၂၀၀ ကျပ်၊အောင်ပန်းထူး ၃ က ၉၈၀၀ ကျပ်၊အောင်ပန်းထူး ၄က ၁၀၂၀၀ ကျပ်၊ အောင်ပန်းထူး ၅က ၁၀၅၀၀ ကျပ်သာရှိခဲ့ိပါတယ်။

ရှမ်းပြည်နယ် အောင်ပန်းကုန်စည်စျေးကွက်မှာတော့ အောင်ပန်းထူး ၁ တစ်ပိဿာကို ၉၀၀၀ ကျပ်၊ အောင်ပန်းထူး ၂ က ၉၅၀၀ ကျပ်၊အောင်ပန်းထူး ၃ က ၁၀၀၀၀ ကျပ်၊အောင်ပန်းထူး ၄က ၁၁၀၀၀ ကျပ်၊ အောင်ပန်းထူး ၅က ၁၁၅၀၀ ကျပ်၊အောင်ပန်းထူးလွန်က ၁၂၀၀၀ ကျပ် ၊ ဥတစ်လုံးအလတ်ဆိုဒ်က ၁၈၀၀၀ကျပ်၊ ဥတစ်လုံးအသေးဆိုဒ်က ၁၆၀၀၀ ကျပ်သာ ရှိခဲ့တယ်လို့သိရပါတယ်။

ဒါကြောင့် ဘုရင့်နောင်ကုန်စည်ဒိုင်စျေးကွက်ယှဥ်ပါက ယခု ဩဂုတ်လ ၁၈ ရက်အတွင်းမှာတင် ကြူကုတ် ကြက်သွန်ဖြူက တစ်ပိဿာကို ၁၀၀၀၀ ကျပ်နီးပါးမြင့်တက်လာတာဖြစ်ပါတယ်။

ကြူကုတ်ကြက်သွန်ဖြူကို တရုတ်ကနေနယ်စပ်လမ်းကြောင်းကနေအဓိကတင်သွင်းရပြီး လတ်တလောမှာ မန္တလေးဘက်မှာတော့ စမ်းသပ်စိုက်ပျိုးမှုတွေရှိနေတယ်လို့သိရပါတယ်။

ပြည်တွင်းထွက်ကြက်သွန်ဖြူ စိုက်ပျိုးမှုအနေနဲ့ တော့ ရှမ်းပြည်နယ်မှာ နှစ်စဉ် စိုက်ပျိုးဧက သောင်းနဲချီ စိုက်ပျိုးလေ့ရှိပြီး အဓိက အောင်ပန်း ၊ တောင်ကြီးမြို့နယ်၊ ပင်လောင်းမြို့နဲ့ ဟိုပုံးမြိုု့နယ်မှာ အများဆုံးစိုက်ပျိုးကြပြီး ကျန်မြို့နယ်တွေမှာပါ အနည်းငယ်သာစိုက်ပျိုးမှုရှိတယ်လို့သိရပါတယ်။

ချစ်ခွန်းချို(AMIA)

News

ဆက်စပ်သတင်းများ

September 21, 2024