ဈေးပြန်ကျဆင်းသွားတဲ့ မြေပဲ
တစ်ပိဿာကို ၁၂၀၀၀ အထိ ဈေးမြင့်တက်လာခဲ့တဲ့ မြေပဲက ဈေးတွေ ပြန်ကျဆင်းသွားပါတယ်။
ဈေးကွက် ထဲ မြေပဲအသစ်တွေ အဝင်ရှိနေတဲ့အတွက်ဈေးက ကျဆင်းသွားတာ ဖြစ်ပါတယ်။ အရောင်း အဝယ်ကတော့ ဆီ အတွက် ဝယ်ယူတာတွေ ရှိနေတဲ့အတွက် သွက်နေတယ်လို့သိရပါတယ်။
မန္တလေးဈေးကွက်မှာ မြေပဲ အနီလုံး ဆံက တစ်ပိဿာကို ၈၅၀၀ မှ ၉၀၀၀ ရှိပြီးတစ်ပိဿာကို ၃၀၀၀ နီးပါး ကျပ်ဈေးကျဆင်းပါတယ်။
အောင်လံဈေးကွက်မှာလည်း မြေပဲလုံး ဆံနီက တစ်ပိဿာကို ၈၈၀၀ ရှိပြီး တစ်ပိဿာကို ၁၂၀၀ ကျပ်၊မြေပဲလုံးဆံဖြူက တစ်ပိဿာကို ၈၈၀၀ မှ ၉၀၀၀ရှိပြီးတစ်ပိဿာကို ၁၅၀၀ ကျပ် ဈေးကျဆင်း ပါတယ်။မြေပဲ တစ်ပိဿာကို ငွေကျပ် ၂၀၀၀ နီးပါးအသီးသီးဈေးပြန် ကျဆင်းသွား ပါတယ်။
ဆက်တိုက် ဈေးပြန်ကျဆင်းသွားတဲ့ နှမ်းမျိုးစုံ
ဆက်တိုက်ဈေးမြင့်တက်လာခဲ့တဲ့နှမ်းမျိုးစုံက ဒီတစ်ပတ်မှာတော့ ဈေးတွေ ပြန်ကျဆင်းပါတယ်။ အမြင့်ဈေးကြောင့် ဝယ်လိုအားလျော့နည်းသွားပြီး ငွေဈေးအခြေအနေတွေကြောင့် တင်ပို့မှုလည်း နည်းသွားတဲ့အခြေအနေပါ။ဒီတစ်ပတ်မှာတော့ ငွေကြေးဈေး ပြန်ကျဆင်းတာကြောင့် နှမ်းဈေးတွေ လည်း ဈေးပြန်ကျဆင်းလာတာ ဖြစ်ပါတယ်။
မန္တလေးဈေးကွက်မှာ နှမ်းနက်(စမုံ)က တစ်အိတ်ကို ၅၁၀၀၀၀ မှ ၆၃၅၀၀၀ ရှိနေပြီး တစ်အိတ်ကို ၁၃၅၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ နှမ်းညိုကတော့ တစ်အိတ်ကို ၃၃၀၀၀၀ မှ ၃၅၀၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၅၀၀၀၀ ကျပ်၊ပန်းနှမ်းကတော့ တစ်အိတ်ကို ၂၇၅၀၀၀ မှ ၂၈၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ်အသီးသီးဈေးကျဆင်းပါတယ်။
နှမ်းဖြူကတော့ တစ်အိတ်ကို ၄၁၅၀၀၀ မှ ၄၂၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေး တက်ပါတယ်။
နယ်ဈေးကွက်တွေမှာလည် နှမ်း တစ်အိတ်ကို အနိမ့်ဆုံး ၂၀၀၀၀ ကနေ ၄၀၀၀၀ ခန့် ဈေးတွေ ပြန်ကျဆင်းပါတယ်။
လအတန်ကြာ မှ ဈေးပြန်တက်လာတဲ့ ငရုတ်
လ အတန်ကြာ ဈေးငြိမ်နေတဲ့ ငရုတ်က ဈေးပြန်မြင့်တက်လာပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ် ကတော့ ပုံမှန်ရှိနေပြီး ငွေကြေးဈေးကြောင့် ပြန်မြင့်တက်လာတာလို့ သိရပါတယ်။
ငရုတ်(ပန်းရဲသစ်)က တစ်ပိဿာကို ၆၀၀၀ မှ ၆၅၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်၊မြှားနီ သစ်က တစ်ပိဿာကို ၅၅၀၀ မှ ၆၀၀၀ ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်၊ပန်းတနော်က ၅၀၀၀ မှ ၅၅၀၀ ရှိပြီးတ စ်ပိဿာကို ၁၀၀၀ ကျပ် အသီးသီးဈေးမြင့်တက်ပါတယ်။
ဆင်ဖြူကျွန်း ကတော့ တစ်ပိဿာကို ၉၀၀၀ မှ ၁၁၀၀၀ကျပ်၊မြစ်ဝပုက တစ်ပိဿာကို ၉၀၀၀ မှ ၁၀၅၀၀ကျပ် ရှိပြီး ဈေးအပြောင်းအလဲ မရှိငြိမ်ပါတယ်။
မေမီမောင်(AMIA)