မောက်ဇီ

ဒေါင်းနီးနှင့် လောင်မဲရောဂါ ကာကွယ်နှိမ်နင်းဆေး

အသေးစိတ်ဖော်ပြချက်

ဆေးအမည် မောက်ဇီ ၂၅၀ ဒဗလျူပီ
အစွမ်းရှိပစ္စည်း (AI) Cymoxanil 25%
ဆေးအမျိုးအစား မှိုရောဂါသတ်ဆေး
အသုံးပြုရမည့်ပုံစံ ရွက်ဖျန်း
‌ဆေးအာနိသင်ပြန့်နှံ့ပုံ ထိသေနှင့် အရွက်အတွင်းစိမ့်ဝင် နိုင်သော အာနိသင်ရှိပြီး ကာကွယ်မှုနှင့် ကုသမှု ၂ မျိုးလုံး အသုံးပြုနိုင်သည်။
သုံးစွဲနိုင်သောသီးနှံများ ခရမ်းချဉ်၊ အာလူး၊ ဖရဲ၊ သခွား၊ ကြက်သွန်၊ ဂေါ်ဖီ၊ စပျစ်။
နှိမ်နှင်းနိုင်သော ရောဂါများ ဒေါင်းနီးရောဂါ၊ နှောင်းပင်နှာကျရောဂါ(လောင်မဲ) ၊ ပင်စည်အခေါက်ပုပ်ရောဂါများ။
‌ဆေးနှုန်းထား ရေ ၂၀ လီတာ ဝင်ဆေးဖျန်းပုံး တစ်ပုံးလျှင် ၅၀-၇၀ ဂရမ်နှုန်းထည့်ပြီး တစ်ဧကလျှင် ၂၅၀ – ၃၅၀ ဂရမ် ဖြင့် ၅ – ၈ ပုံး ဖျန်းနိုင်သည်။
သုံးစွဲရမည့်အချိန် ရောဂါမကျမီနှင့် စတင်ကျရောက်ချိန်တွင် အသုံးပြုနိုင်သည်။
သီးနှံ့မရိတ်သိမ်းမီ နောက်ဆုံးဆေးဖျန်းရက် ၁၄-၂၁ ရက် ( အသုံးပြုသည့် သီးနှံအလိုက် ပြောင်းလဲနိုင်သည်)။
အဓိကအကျိုးကျေးဇူးများ
  • ရောဂါကို ကာကွယ်ကုသ သုတ်သင်နိုင်သောဆေးဖြစ်သည်။
  • ဆေးယဉ်ပါးမှု ပြသနာ နည်းစေသည်၊ နှိမ်နှင်းရခက်ခဲသော ဒေါင်းနီးရောဂါ၊ နှောင်းပင်နှာကျရောဂါများကို ကောင်းစွာနှိမ်နှင်းနိုင်သည်။
  • အရွက်ထဲသို့ ထိုးဖေါက်ဝင်ရောက်နိုင်သဖြင့် မှိုရောဂါပွားများမှုကို အမြန်ဆုံးထိန်းချုပ်နိုင်စွမ်းရှိသည်။
  • ကာကွယ်ကုသနိုင်မှုကောင်းစေရန် မန်ကိုမဂ်၊ ဇီဖလိုဆေးများနှင့် တွဲဖျန်းနိုင်သည်။

ဆက်စပ်ထုတ်ကုန်များ