ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-10-17
Share to
အောက်တိုဘာ ၁၅ ရက်နေ့ မှ ၂၁ ရက်နေ့ အထိ ပဲဈေးကွက်သုံးသပ်ချက်

အကျဈေးနဲ့ ရှိနေဆဲ မတ်ပဲ နဲ့ အနည်းငယ်ပြန်တက်လာတဲ့ ပဲစင်းငုံ

မတ်ပဲကတော့ ဒီတစ်ပတ်မှာလည်း ဈေးထပ်ကျပြီး အကျဈေးနဲ့ ရှိနေဆဲ လည်း ဖြစ်ပါတယ်။ ပွဲတော် ပိတ်ရက်ကြောင့် ကုန်စည်ဒိုင်တွေလည်းပိတ်ပြီး အရောင်းအဝယ်အေးတဲ့ အခြေအနေလည်း ဖြစ်ပါ တယ်။

အိန္ဒိယနိုင်ငံမှာတော့ မတ်ပဲက ပွဲတော်ကာလ ကြောင့် ပဲဈေးက မကျပဲ တည်ငြိမ်နေတဲ့အခြေအနေ ဖြစ် နေတယ်လို့ အိန္ဒိယဈေးကွက်သတင်းတွေ အရ သိရပါတယ်။ အိန္ဒိယနိုင်ငံတွင်းမှာလည်း မတ်ပဲ အသစ် တွေ အဝင်ရှိနေပေမယ့် အရည်အသွေးပိုင်း အားနည်းတဲ့အတွက် ဈေးက အများကြီး မတက်ပါဘူး။ဒါပေမယ့် ပဲ ဈေးမြင့်တက်တာတွေနဲ့ပတ်သတ်ပြီး အစိုးရပိုင်းက စစ်ဆေးနေတာတွေ ကြောင့် မတ်ပဲ အခြေအနေ က ခန့်မှန်းရခက်တဲ့အခြေအနေလည်း ဖြစ်နေပါတယ်။

ငွေလဲလှယ်ဈေးနှုန်းကြောင့် ဈေးက ကျဆင်းနေပေမယ့် FOB ဈေးနှုန်းကတော့ပြီးခဲ့တဲ့အပတ်က တည်းက ဈေးမြင့်တက်နေတာ ဖြစ်ပါတယ်။ တစ်တန်ကို ၉၃၀ မှ ၉၄၀ ဒေါ်လာ ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၅ ဒေါ်လာ ဈေးတက်လာပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ ( FAQ )က တစ်တန်ကို ၃၇၂၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ တစ်တန်ကို ၄၅၀၀၀လောက်ဈေးကျဆင်းသွားပါတယ်။ မန္တလေးစျေး ကွက်မှာတော့ ပိဿာ ၆၀ တစ်အိတ်ကို ၃၅၀၀၀၀ ကျပ်သာရှိပြီး အရင်တပတ်ကထက် ၃၅၀၀၀ ကျပ်လောက်စျေး ကျ ပါတယ်။

တစ်ပတ်အတွင်း ပဲစင်းငုံနီ တစ်တန်ကို သိန်း ၄၀ အောက် ကို ရောက်ရှိသွားခဲ့ပြီး ပိတ်ရက် အတွင်း အနည်းငယ်ဈေးပြန်မြင့်တက်လာခဲ့ပါတယ်။ တစ်ပတ်တာလုံး ဆက်တိုက် စျေးကျနေသလို ပြည်တွင်း မှာ လည်း ပဲစဥ်းငုံနီက ဝယ် လက်မရှိသလောက်ဖြစ် နေခြင်း၊သီတင်းကျွတ်ကာလ ကုန် စည်ဒိုင် တွေ ပိတ်ခြင်း ကြောင့် အရောင်း အဝယ်လည်းအေးပါတယ်။

FOB ဈေးကလည်း ဆက်တိုက်ကျဆင်းပါတယ်။ ပဲစင်းငုံက ပြည်တွင်း လက်ကျန်နည်းတဲ့ ပဲ ဖြစ်ပြီး ပွဲတော်ကာလ လှောင်ပဲ ထုတ်ရောင်းတာကြောင့် အနည်းငယ် ဈေးပြန်တက်လာတာလို့ ဆိုပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၄၁၀၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၅ သောင်းကျော်ဈေးကျဆင်းသွားပါတယ်။

FOB ဈေးကတော့ တစ်တန်ကို ၁၀၁၀ မှ ၁၀၁၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ဒေါ်လာ ၃၀ ဈေးကျဆင်းသွားပါတယ်။

ဈေးထပ်တက်လာတဲ့ ပဲပုတ် နဲ့ ဈေးထပ်ကျတဲ့ ပဲကြီး

ပဲပုတ်ကတော့ ပွဲတော် ပိတ်ရက် အပြီး ဈေးပြန်မြင့်တက်လာပါတယ်။ အရောင်းအဝယ်ပြန် လိုက်လာတဲ့အတွက် ဈေးမြင့်တက်လာတာလည်း ဖြစ်ပါတယ်။ဈေးကွက်အတွင်း မှာတော့ ဆီ အတွက် ပဲခွဲစက်တွေရဲ့ အဝယ်ရှိနေတယ်လို့ သိရပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲပုတ်(ဗမာ)က တစ်အိတ်ကို ၄၀၅၀၀၀ မှ ၄၁၀၀၀၀ ပေါက်ဈေးရှိပါတယ်။ ပဲပုတ်(ရှမ်း)ကတော့ တစ်အိ်တကို ၃၂၀၀၀၀ မှ ၄၁၀၀၀၀ ကြားရှိပြီး တစ်အိတ်ကို ၃၀၀၀၀ လောက်ဈေးမြင့်တက်လာပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲပုတ်(ဆီတိုး)က တစ်ပိဿာကို ၇၁၆၅ မှ ၇၂၅၀ ရှိပြီးတစ်ပိဿာကို ၈၅ ကျပ်ဈေးကျဆင်းသွားပါတယ်။ပဲပုတ်(အထွက်တိုး)ကတော့ တစ်ပိဿာကို ၆၆၆၅ မှ ၆၈၃၅ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။


ပဲကြီးကတော့ ပွဲတော်ကာလ အရောင်းအဝယ်သွက်ခဲ့ပြီး ဈေးတန်းငြိမ်နေပေမယ့် ပွဲတော် ပိတ်ရက် အပြီးမှာတော့ အရောင်းအဝယ်အေး ဈေးအနည်းငယ်ပြန်ကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာ ပဲကြီး(က၊လ၊သ)က တစ်အိတ်ကို ၂၂၀၀၀၀ မှ ၂၉၀၀၀၀ ကြား ရှိနေပြီး တစ်အိတ်ကို ၅၀၀၀ လောက်ဈေးပြန်ကျဆင်းပါတယ်။ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာတော့ ပဲကြီး(ကုန်း)က တစ်ပိဿာကို ၄၃၄၅ မှ ၄၇၀၀ ကျပ်၊ပဲကြီး(ရွှေကျွန်း)က တစ်ပိဿာကို ၅၃၀၅ မှ ၅၆၆၅ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

ပွဲတော်ကာလ ပိတ်ရက်ရှည်ကြောင့် ကုန်စည်ဒိုင်အများစု ပိတ်ကြပြီး ဈေးအေး အရောင်းအဝယ် အေးကြပါတယ်။

မေမီမောင်(AMIA)

 

News

ဆက်စပ်သတင်းများ

Myanma Awba App

Install
×