ဝါပိန့် တွေ ဘာကြောင့်ကြွေကျသလဲ
ဝါပိန့် ကြွေကျခြင်းသည့်အကြောင်းအရင်းများအနက် ပိုးမွှား ရောဂါများ၊ အာဟာရ ချို့တဲ့မှုများ သို့မဟုတ် ပတ်ဝန်းကျင်(ရာသီဉတု သို့မဟုတ် စီမံခန့်ခွဲမှု)ကြောင့် အဓိက ဖြစ်နိုင်ပါတယ်။
ရာသီဉတုမျှတပြီး မြေဆီထက်သန်ကာ ပိုးမွှားရောဂါ ကင်းရှင်းနေလျှင်တောင်မှ ဝါပိန့် ၆၀%ဟာ အပင်ဟော်မုန်းမညီမျှမှုကြောင့် ကြွေကျနိုင်ခြင်း
Ethylene၊ Abscisic Acid(ABA) နှင့် Indole Acetic Acid(IAA) ကဲ့သို့သော ဟော်မုန်းဓါတ်များ မညီမျှမှုက ဝါပိန့်များကြွေကျခြင်း
အစိုဓါတ်မြင့်မားခြင်း နှင့် နေရောင်ခြည် ရရှိမှုနည်းခြင်း အခြေနေတို့က အပင်ဟော်မုန်းဓါတ် မညီမျှမှုကို ဦးတည်စေပါသည်။
လှေးပိုး၊ ဖြုတ်ပိုး၊ယင်ဖြူ၊ ကြိုင်းကောင်များ နှင့် သီးလုံးဖောက်ပိုး ကျရောက်မှုဟာလည်း ဝါပိန့်များ ကြွေကျစေနိုင်ပါတယ်
Verticillium wilt ၊ Fusarium wilt ၊ Bacterial blight နှင့် Anthracnose ရောဂါများကလည်း ဝါပိန့်များကို ကြွေစေပါသည်။
အာဟာရနှင့် ပတ်သက်၍ နိုက်ထရိုဂျင်ဓါတ်များခြင်း နှင့် ပိုတက်စီယမ်ဓါတ်၊ ကယ်လ်စီယမ်ဓါတ် ၊ ဘိုရွန်ဓါတ်၊ ဇင့်ဓါတ်တို့ ချို့တဲ့ခြင်းများကလည်း ဝါပိန့်များကို ကြွေကျစေပါသည်။
