ရွက်ဖျန်းမြေဩဇာ အသုံးပြုလျှင် ဂရုစိုက်ရမည့်အချက်များ

ရွက်ဖျန်းမြေဩဇာ အပင်အတွင်းသို့ဝင်ရောက်ခြင်း
တောင်သူကြီးများ အသုံးပြုလိုက်သော ရွက်ဖျန်းမြေသြဇာများကို သီးနှံပင်များသည် အရွက်များပေါ်ရှိ လေရှူပေါက် များမှတဆင့် အာဟာရများကို စုပ်ယူလေ့ရှိပါတယ်။ ဤနည်းစနစ်သည် အနည်းလိုအာဟာရများသာမက၊ သီးနှံပင်အတွင်း မရှိမဖြစ်လိုအပ်သော အများလိုအာဟာရဓာတ် လိုအပ်ချက်ကိုပါ အချိန်တိုအတွင်းဖြည့်ဆည်းပေးနိုင်သော နည်းစနစ်ဖြစ်သောကြောင့် အထူးကောင်းမွန်ပါတယ်။
ရွက်ဖျန်းမြေဩဇာများတွင်ပါဝင်သော အာဟာရဓါတ်များသည် အရွက်ပေါ်ရှိ လေရှုပေါက် များမှတဆင့်သီးနှံပင်အတွင်းသို့ ဝင်ရောက်ရာတွင် အဓိကဖြစ်သော အရွက်၏ လေရှုပေါက်များသည် လေထုစိုစွတ်မှု အခြေအနေ အပေါ်မူတည်၍ လုပ်ဆောင်နိုင်စွမ်းကွဲပြားကြပါသည်။
လေရှုပေါက်များသည် လေထုစိုထိုင်းစမြင့်လျှင် ဖောင်းပွလာသောကြောင့် အာဟာရများ စုပ်ယူမှုပို၍ လျှင်မြန် ကောင်းမွန်စေပြီး ခြောက်သွေ့နေလျှင်တော့ အာဟာရစုပ်ယူမှုနည်းစေပါတယ်။ထို့ကြောင့်ရွက်ဖျန်းမြေဩဇာများသုံးလျှင် နေပူသော အချိန်များကို ရှောင်၍ ဖျန်းပေးသင့်ပါသည်။ ထိုမှသာ သုံးစွဲသော ရွက်ဖျန်းမြေဩဇာများအား အပင်မှ ကောင်းမွန်စွာ စုပ်ယူစားသောက်နိုင်မည်ဖြစ်ပါသည်။
ရွက်ဖျန်းမြေဩဇာ အသုံးပြုလျှင် ဂရုစိုက်ရမည့်အချက်များ
ရွက်ဖျန်းမြေသြဇာများကို သီးနှံအစုံတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာခြင်းကြောင့် မိမိတို့ သုံးစွဲသော ရွက်ဖျန်းမြေဩဇာများ အလေ့အလွင့်နည်းစေရန်နှင့် အပင်မှ အပြည့်အဝရရှိစေရန် အောက်ပါတို့ကို အထူးဂရုစိုက်ကြရန် လိုအပ်လာပြီဖြစ်ပါတယ်။
၁) အပူချိန်၊ စိုထိုင်းဆ နှင့် ဖျန်းရမည့်အချိန်
၂) မိုးရွာသွန်းမှု ၊ အစိုဓါတ်
၃) လောင်းရိပ်ကျခြင်း တို့ဖြစ်ပါတယ်။
၁) အပူချိန် စိုထိုင်းဆ နှင့် ဆေးဖျန်းရမည့်အချိန်