စိုက်ခင်းမြေဆီလွှာများပင်ပန်းလာတဲ့အခါ လုပ်ဆောင်ပေးသင့်သောအချက်များ
တောင်သူကြီးများခင်ဗျာ လူကြီးမင်းတို့ရဲ့ အဖိုးတန်လယ်မြေတွေဟာ သီးနှံများ တစ်နှစ်ပြီးတစ်နှစ် စိုက်ပျိုးလာတဲ့အခါ မြေဆီလွှာပန်းလာပြီး အာဟာရဓာတ်များ တဖြည်းဖြည်းကုန်ဆုံးလာပါတယ်။ ဒါကြောင့် သီးနှံ အထွက်တိုးဖို့ရာအတွက် မြေသြဇာများ မဖြစ်မနေထည့်သွင်းအသုံးပြုလာကြရပါတယ်။
ယခုလို မြေသြဇာ ဝယ်ယူရန် ခက်ခဲ လာတဲ့အချိန်မှာ မြေဆီလွှာအာဟာရဓာတ်များ ပြန်လည်ကောင်းမွန်လာစေရန်အတွက် အောက်ပါ သဘာဝ နည်းလမ်းများအတိုင်း ပြုလုပ်ပေးနိုင်ကြရင်မကောင်းဘူးလားခင်ဗျာ။
၁။ နွားချေးဆွေး ကြက်ချေးဆွေးကဲ့သို့ တိရစ္ဆာန် အညစ်အကြေး ဆွေးများကို ပြန်လည်ထည့်သွင်းပေးခြင်း
၂။ စပါးခွံဖွဲပြာများ အသုံးပြုခြင်း
၃။ ၂ နှစ်တစ်ကြိမ်လောက်သစ်စိမ်းမြေသြဇာ ပြုလုပ်ပေးခြင်း
၄။ တီကျစ်စာ ၊ အီးအမ် အရည် များအသုံးပြုပေးခြင်း
၅။ သီးနှံပင်အကြွင်းအကျန်များကို မီးမရှို့ဘဲ ဆွေးအောင်ပြုလုပ်ပြီး ပြန်လည်ထည့်သွင်းအသုံးပြုခြင်း
၆။ မြေဆီလွှာအကျိုးပြု ပဲမြစ်ဖုများ ထည့်သွင်းပေးခြင်း
၇။ ပဲ၊ နှမ်း၊ နေကြာကဲ့သို့ဆီထွက်သီးနှံများမှ ဆီကြိတ်ဖတ်များ ကို ဆွေးအောင်ပြုလုပ်အသုံးပြုခြင်း
၈။ ပိုးသတ်ဆေး မှိုသတ်ဆေး နှင့်ေ ပါင်းသတ်ဆေးများကို လိုအပ်သည်ထက် ပိုမိုအသုံးမပြုခြင်း များကို အတတ်နိုင်ဆုံး နဲ့ အကောင်းဆုံး လုပ်ဆောင်ပေးသင့်ပါတယ်ခင်ဗျာ။
မြေဆီလွှာများ အာဟာရဓာတ်များပြည့်ဝပြီး သီးနှံအထွက်တိုးဈေးကောင်းရကြပါစေခင်ဗျာ။
