စပျစ် ပန်းပွင့်ချိန်မှ အသီးသီးချိန်တွင် ဂရုစိုက်ရမည့်အချက်များ

ယခုချိန်ဟာ စပျစ်ခင်းများ ပန်းပွင့်ဖြိုင်ဖြိုင်ပွင့်သောအချိန်ဖြစ်သောကြောင့် ဝတ်မှုန်ကူးအားကောင်ရန် Calcium နဲ့Boron ပါသောမြေဆီဩဇာကိုအဓိကကျွေးသင့်ပါသည်။

ရာသီဥတုဆိုးပြီး မိုးရွာသွန်းပါက သီးကိုင်းများချောက်ခြင်း၊ ရိုးညို၊ ရိုးကွဲ ရောဂါများ ကျရောက်တတ်သောကြောင့် ရောဂါဒဏ်၊ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိစေရန် ကောမက်စူပါဆီလီကာ မြေဩဇာကို အခြားကွန်ပေါင်းမြေဩဇာနှင့်မဖြစ်မနေတွဲကျွေးသင့်သည်။ သီးလုံးကြီးထွားအားကောင်းပြီး အရသားကောင်းမွန်စေရန် Potassium အချိုးမြင့်ပါသော Comet Vsuper မြေဆီဩဇာကိုကျွေးသင့်ပါသည်။

နှင်းကျများပါက ဒေါင်းနီးရွက်ခြောက်ရောဂါကျတတ်ပါသည်။ ပရိုပါ၊ အိန်ဂျယ်ဆေးများသုံးပေးသင့်သည်။

ရိုးညို၊ရိုးကွဲ ရောဂါများအတွက် နီဗိုစူပါ အသုံးပြုနိုင်သည်။

ရာသီဥတု ဆိုးရွားသောနှစ်များတွင်
ကိုင်းဖြတ်ပြီးမိုးရွာပါက စပျစ်ကိုင်းများရိုးညို၊ရိုးကွဲကျတတ် စပျစ်ဖူးခိုခေါ်ပန်းခိုင်မှာလည်း ရိုးညို၊ရိုးကွဲကျတတ်ပါသည်။