နှမ်းစိုက်ခင်းရဲ့ ရန်သူတော် “ပိုးစေးနှဲ” (Mealybug) အန္တရာယ်ကို သတိပြုပါ
တောင်သူကြီးတို့ နှမ်းစိုက်ခင်းတွေရဲ့ အရွက်အောက်ခြေမှာ အဖြူရောင်ပိုးအစုအဝေးတွေ တွေ့နေရပြီလား
ဒါဟာ အထွက်နှုန်းကို သိသိသာသာ လျော့ကျစေတဲ့ ပိုးစေးနှဲ (Mealybug) ကြောင့် ဖြစ်နိုင်ပါတယ်။ ဒီပိုးဟာ အုပ်စုလိုက် ကျရောက်တတ်ပြီး အပင်ရဲ့ အာဟာရတွေကို စုပ်ယူစားသောက်တာကြောင့် အချိန်မီ မနှိမ်နင်းနိုင်ရင် စိုက်ခင်းတစ်ခုလုံးကို ပျက်စီးစေနိုင်ပါတယ်။
၁။ ပိုးစေးနှဲကို ဘယ်လိုခွဲခြားမလဲ?
ပိုးစေးနှဲကို အောက်ပါလက္ခဏာတွေနဲ့ အလွယ်တကူ မှတ်မိနိုင်ပါတယ်
-
ပုံသဏ္ဍာန်: နူးညံ့ပျော့ပျောင်းတဲ့ ဘဲဥပုံ ရှိပါတယ်။
-
ထူးခြားချက်: ကိုယ်ထည်ပေါ်မှာ အဖြူရောင် ဖယောင်းလွှာ (Waxy Coating) ဖုံးအုပ်ထားပြီး ဘေးဘက်တွေမှာ ဖယောင်းအမျှင်လေးတွေ ရှိပါတယ်
-
နေထိုင်မှု: အပင်ပေါ်မှာ တစ်ကောင်တည်းထက် အုပ်စုလိုက် စုဝေးနေတတ်ပြီး ပင်ရည်ကို စုပ်ယူစားသုံးတတ်တဲ့ ထိုးဖောက်စုပ်စားပိုး အင်းဆက် အမျိုးအစား ဖြစ်ပါတယ်
၂။ တွေ့ရတတ်သော ရောဂါလက္ခဏာများ
ပိုးစေးနှဲဟာ အပင်ရဲ့ အစိတ်အပိုင်း တော်တော်များများမှာ ပုန်းအောင်းပြီး ဖျက်ဆီးတတ်ပါတယ် –
-
အသီးနှင့် ကိုင်းထိစပ်ရာနေရာ၊ အပင်၏ ကန်တော့နေရာ၊ ကိုင်းဆက်နေရာနှင့် မြေကြီးနှင့် နီးစပ်သော ပင်စည်များတွင် အစုလိုက် တွေ့ရတတ်သည်။ အချို့မှာ အမြစ်ပေါ်တွင်ပါ ကျရောက်တတ်ပါသည်။
-
အပင်ရဲ့ ရေကြောမှတစ်ဆင့် အာဟာရကို စုပ်ယူတာကြောင့် အပင်ဟာ ခံနိုင်ရည် ကျဆင်းလာပါတယ်။
-
ပိုးကောင်တွေကနေ Honeydew လို့ခေါ်တဲ့ စေးကပ်တဲ့ အစေးတွေကို ထုတ်လုပ်ပါတယ်။ ဒီအစေးတွေကြောင့် အမည်းရောင် ကျပ်ခိုးမှိုများ ပေါက်လာပြီး အသီး၊ ကိုင်းနဲ့ အရွက်တွေကို ခြောက်ကပ်သွားစေပါတယ်။
-
ကြီးထွားမှုရပ်တန့်ခြင်း: ဆိုးရွားစွာ ကျရောက်ပါက အပင်ကြီးထွားမှု ရပ်တန့်သွားပြီး အရွက်များ ကြွေကျတတ်ပါသည်။
၃။ ကာကွယ်နှိမ်နင်းနည်းလမ်းများ
(က) စိုက်ပျိုးရေးဆိုင်ရာ နည်းလမ်းများ (Cultural Control)
-
မျိုးကောင်းမျိုးသန့်: ရောဂါဒဏ် ခံနိုင်ရည်ရှိပြီး ကျန်းမာသန်စွမ်းတဲ့ မျိုးစေ့ကိုသာ ရွေးချယ်စိုက်ပျိုးပါ။
-
သဘာဝမိတ်ဆွေပိုး: ပိုးစေးနှဲကို ပြန်လည်စားသောက်မယ့် မိတ်ဆွေပိုးများ ပွားများအောင် ဂေဟစနစ်ကို ထိန်းသိမ်းပါ။
-
ပေါင်းမြက်ရှင်းလင်းခြင်း: ပိုးစေးနှဲများ ခိုအောင်းနိုင်တဲ့ ပေါင်းမြက်တွေကို ပုံမှန်ရှင်းလင်းပေးပါ။
-
အာဟာရစီမံခန့်ခွဲမှု: ရေနှင့် အာဟာရ (ဓာတ်မြေသြဇာ) ကို အလွန်အကျွံ ကျွေးခြင်းမှ ရှောင်ကြဉ်ပါ။
(ခ) ဓာတုဗေဒနည်းဖြင့် နှိမ်နင်းခြင်း
ပိုးကျရောက်မှု များပြားလာပါက အောက်ပါ ထိရောက်သော ပိုးသတ်ဆေးများကို အသုံးပြုနိုင်ပါသည် –
-
အကြံပြုဆေးများ: မြန်မာ့ဩဘာမှ ပိုင်ဒီ (သို့မဟုတ်) ဒိုဇာ ၇၀ အက်စ် (သို့မဟုတ်) ယက္ခ။
ပိုးစေးနှဲဟာ သေးငယ်ပေမဲ့ အုပ်စုလိုက် ဖျက်ဆီးတတ်တဲ့အတွက် စိုက်ခင်းကို ပုံမှန်စစ်ဆေးဖို့ အရေးကြီးပါတယ်။ ပိုးစတင် တွေ့ရှိတာနဲ့ အထက်ပါ ကာကွယ်နည်းတွေအတိုင်း စနစ်တကျ လုပ်ဆောင်ခြင်းဖြင့် ဦးကြီးတို့ရဲ့ နှမ်းစိုက်ခင်းကို ဘေးကင်းအောင် စောင့်ရှောက်နိုင်ပါတယ်။
သင့်နှမ်းစိုက်ခင်းမှာ ပိုးစေးနှဲ ကျရောက်နေလို့ စိတ်ပူနေရပါသလား? အထိရောက်ဆုံး ကာကွယ်နှိမ်နင်းနည်းတွေနဲ့ ဆေးအညွှန်းတွေကို အသေးစိတ် သိရှိလိုပါက Myanma Awba Facebook Page မှာ အခုပဲ မေးမြန်းဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။
