ဝါဖြုတ်စိမ်း – cotton leafhopper
ဝါခင်းအတွင်း ပေါင်းမြက်ထူပါကလည်းကောင်း မိုးအုံ့၍ မိုးအဆက်မပြတ်ရွာပါကလည်းကောင်း ဖြုတ်စိမ်းများစွာကျရောက်တတ်သည်။
အကောင်ကြီးတွေဟာ သေးငယ်၍ စိမ်းဝါရောင်သို့မဟုတ် အဖြူရောင်ရှိပြီး ရှေ့တောင်ပံတွင် အနက်ရောင်အစက်အပျောက် ပါရှိပါတယ်။ အရွက်အောက်မျက်နှာပြင် မှာ နေထိုင်ပြီး အပင်ရည်စုပ်စားသည်။ဖြုတ်စိမ်း စတင်ကျရောက်ပါက ဝါရွက်အနားများ ကုပ်လာသည်။
ထိုအချိန်တွင်ဆေးမဖျန်းပါက ဝါ အရွက်အနားများ ပိုမိုကုပ်လာပြီး အနီရောင်ပြောင်းသွားကာ ကြွေကျနိုင်သည်။ ဆိုးရွားစွာ ကျရောက်ပါက ဝါရွက်များ ခြောက်သွားသည်အထိ ဖြစ်နိုင်သည်။ ဝါအပင်ပုခြင်း၊ အရွက်တွန့်ခြင်း များဖြစ်ပြီး ဝါသီးများ ကြွေကျသည်အထိဖြစ်နိုင်သည်။
ကာကွယ်နှိမ်နင်းနည်း
– နိုက်ထရိုဂျင်အသုံးများပြီး ဝါပင်များ ပိုမိုစိမ်းနေပါက ဖြုတ်စိမ်းကျနိုင်သည့်အတွက် နိုက်ထရိုဂျင်ကို လိုအပ်သည်ထက်ပိုမသုံးရပါ
-စိုက်ခင်း အတွင်းနှင့် ပတ်ဝန်းကျင်တွင် ပေါင်းရှင်းပေးရမည်
– ခံနိုင်ရည်ရှိသော မျိုးများစိုက်ပျိုးရမည်
– ဝါးခင်းအတွင်း ဖြုတ်ကျမကျ စစ်ဆေးပြီး ကာကွယ်ဆေးများ အသုံးပြုရမည်။
