မြေဩဇာ အသုံးပြုမှုဆိုင်ရာ ဥပဒေသတစ်ခု – 4R stewardship

တောင်သူဦးကြီးတို့ 4Rဆိုတာသိပါသလား

4Rဆိုတာ နိုင်ငံတကာစိုက်ပျိုးရေးအဖွဲ့အစည်းတွေက လက်ခံကျင့်သုံးကြတဲ့ မြေဩဇာ အသုံးပြုမှုဆိုင်ရာ ဥပဒေသတစ်ခု ဖြစ်ပါတယ် ,မှန်ကန်ခြင်း လေးရပ် 4rightလို့လည်းခေါ်ကြပါတယ်
ဒီနေ့မှာတော့ 4Rအကြောင်း အသေးစိတ်ရှင်းပြပေးပါမယ်။

Right Source – အမျိုးအစား မှန်ကန်ခြင်း
ပထမ Rကတော့ အပင်ရဲ့ သက်တမ်းနဲ့ မြေဆီလွှာရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး “အမှန်တကယ်လိုအပ်တဲ့ မြေဩဇာ” ကို ရွေးချယ်တာ ဖြစ်ပါတယ် ။ အပင်က နိုက်ထရိုဂျင် (အပင်ပိုင်းကြီးထွားမှု) လိုနေချိန်မှာ ပိုတက်စီယမ် သွားကျွေးရင် အချည်းနှီးဖြစ်‌ေနမှာပါ။ဒါကြောင့် မိမိမြေဆီလွှာ၊စိုက်ပျိုးသီးနှံ အခြေအနေနဲ့ ကိုက်ညီမယ့် မြေဩဇာအမျိုးအစားကို သေချာရွေးချယ်ခြင်းဟာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်
Right Rate – ပမာဏ မှန်ကန်ခြင်း
“မနည်းလွန်း၊ မများလွန်းဘဲ ကွက်တိဖြစ်မယ့် ပမာဏ” ကို ကျွေးခြင်းဖြစ်ပါတယ်။ နည်းရင် အပင်က အာဟာရချို့တဲ့ပြီး အထွက်နှုန်းကျနိုင်သလို များပြန်ရင်လည်း အပင်လောင်တာ၊ ရောဂါကျလွယ်တာနဲ့ ကုန်ကျစရိတ်ပိုများတာမျိုး ဖြစ်တတ်ပါတယ်။ သီးနှံအလိုက် သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း တွက်ချက်ကျွေးနိုင်ဖို့ လိုအပ်ပါတယ်။
Right Time – အချိန်အခါ မှန်ကန်ခြင်း
အပင်ရဲ့ “အာဟာရဓာတ် အလိုအပ်ဆုံးအချိန်” နဲ့ ကိုက်ညီအောင် ကျွေးခြင်း ဖြစ်ပါတယ်။ အပင်ငယ်စဉ်၊ အဖူးအပွင့်ဝင်ချိန်၊ သီးကင်းလိုက်ချိန် စတဲ့ သက်တမ်းအဆင့်အလိုက် ခွဲခြားပြီး ကျွေးရပါမယ်။ အပင်က မလိုအပ်သေးခင် ကြိုကျွေးထားရင် မြေဩဇာတွေ အငွေ့ပျံတာ၊ ရေနဲ့မျောပါတာမျိုး ဖြစ်ပြီး လေလွင့်ဆုံးရှုံးသွားတတ်ပါတယ်။
Right Place – နေရာ မှန်ကန်ခြင်း
မြေဩဇာရဲ့ အာဟာရတွေကို အပင်ရဲ့ အမြစ်ကနေ “အလွယ်ကူဆုံးနဲ့ အမြန်ဆုံး စုပ်ယူနိုင်မယ့်နေရာ” မှာ ကျွေးပေးခြင်း ဖြစ်ပါတယ်။ အပင်ခြေရင်းနား ကပ်ကျွေးရင် အမြစ်လောင်တတ်သလို၊ ဝေးလွန်းရင်လည်း အမြစ်က အာဟာရကို စုပ်ယူဖို့ ခက်ခဲနိုင်ပါတယ်။ အမြစ်ဖြန့်ကျက်နိုင်မယ့် အကွာအဝေးမှာ ကျွေးတာ မြေကြီးထဲ အတန်းလိုက် မြှုပ်တာမျိုး (သို့မဟုတ်) ရွက်ဖျန်းအားဆေးဆိုရင် အရွက်အောက်မျက်နှာပြင်အထိ နှံစပ်အောင် ဖျန်းပေးတာမျိုး လုပ်ဆောင်ရပါမယ်။

4R စနစ်ကို ကျင့်သုံးရင် ဘာတွေထူးခြားလာမလဲ?
မြေဩဇာ လေလွင့်ဆံုးရှုံးမှု နည်းပါးမယ်
အပင်က အာဟာရကို အပြည့်အဝ စုပ်ယူနိုင်မယ်
ဒါကြောင့် သီးနှံအထွက်နှုန်း အမြင့်ဆုံးရမယ်
တောင်သူဦးကြီးတို့ရဲ့ စိုက်ခင်းမှာ 4R စနစ်အတိုင်း စနစ်တကျ မြေဩဇာကျွေးပြီး အထွက်နှုန်းတိုးချင်တယ်ဆိုရင်တော့…
မိမိတို့ စိုက်ပျိုးထားတဲ့ သီးနှံအမျိုးအစား အလိုက် ကျွန်တော်တို့ Page ရဲ့ Cbကို လာရောက်မေးမြန်းဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျ။