ကြက်သွန် ဂျိုလိမ်ရောဂါနှင့် မှားယွင်းသော အာဟာရဓာတ်ထည့်သွင်းမှုများ

ကြက်သွန်စိုက်ခင်းများတွင် ဂျိုလိမ်ရောဂါစတင်ဝင်ရောက်ပါက
– အရွက်များ အစိမ်းရောင်ဖျော့လာခြင်း၊ အရွက်များ လိမ်ခြင်း၊ တွန့်ခြင်း ၊ အရွက်ထိပ်ဖျားမှစ၍ ခြောက်သွေ့လာခြင်း ၊
– အပင်တွင်း ‌‌ဟော်မုန်း ( Indole acetic acid , IAA) ပမာဏ တိုးလာခြင်းကြောင့် ပင်စည်ပုံမှန်ထက်ပိုရှည်ထွက်လာခြင်း ၊
– ကြက်သွန်ဥများသေးသွယ် ရှည်လျားလာခြင်း
– ပိုမိုဆိုးရွားစွာကျရောက်ပါက နောက်ဆက်တွဲ ကြက်သွန်ဥများ ပုတ်ခြင်း ၊ အမြစ်များပုတ်ခြင်း ၊ အပင်သေခြင်းအထိဖြစ်နိုင်ပါသည်။

– ဂျိုလိမ်ရောဂါသည် စိုက်ခင်းအတွင်းသော်လည်းကောင်း ၊ စိုက်‌ဘောင်းများပေါ်တွင်လည်းကောင်း ၊ စိုထိုင်းစမြင့်မားမှု နှင့်အပူချိန် အပေါ်လိုက်၍ အကွက်လိုက်ကျရောက်ခြင်း ၊ နေရာအနှံအပြားကျရောက်ခြင်း များဖြစ်ပွားနိုင်ပါသည် ။

– ဂျိုလိမ်ရောဂါကျရောက်နေချိန်တွင် မှားယွင်းစွာပြုလုပ်မိသောအချက်နှစ်ချက်မှာ
– ပုလဲမြေသြဇာလွန်ကဲစွာကျွေးခြင်း နှင့်
– ရွက်ဖျန်းအားဆေးအလွန်အကျွံ ပက်ဖျန်းခြင်းတို့ ဖြစ်သည်။ \

မိမိစိုက်ခင်းတွင် ရောဂါကျရောက် နေပါက ရေသွင်းခြင်း ၊ နိုက်ထရိုဂျင် ဓာတ်လွန်ကဲစွာကျွေးခြင်း တို့အားသတိပြုရှောင်ကြဉ် ရမည် ။

စိုထိုင်းစ မြင့်မားသောနေရာများ ရောဂါကျရောက်နေသောနေရာများအား ကျောက်မှုန့် (ကောမက် ဂျစ်မဆမ်) ထည့်သွင်းပေးခြင်းဖြင့်ရောဂါပြန့်ပွားမှုကိုကာကွယ်နိုင်ပါသည် ။

ရောဂါပျောက်ကင်းအောင်ကုသပြီးမှသာ ကြက်သွန်အတွက် သင့်တင့်မျှတသော အာဟာရများပါဝင်သော မြေသြဇာ ထည့်သွင်းပေးရပါမည်။

ရောဂါကျရောက်မှ မြေသြဇာ အလွန်အကျွံ ထည့်သွင်းခြင်းမျိုးမပြုလုပ်ပဲ ၊ ရောဂါမကျရောက်မှီအချိန်ကပင် အပင်အတွက်လိုအပ်သော အာဟာရဓာတ်များကို သင့်တင့်မျှတစွာ ထည့်သွင်းပေးခြင်းဖြင့် ရောဂါဒဏ် ၊ ပိုးမွှားဒဏ် ခံနိုင်ရှိသော အပင်များပိုင်ဆိုင်နိုင်ကြပါစေခဗျာ ။
“