မြေချဉ်သော နေရာများတွင် စပါးစိုက်ပါက ဂရုစိုက်ရမည့် အချက်များ
သီးနှံပင်များ စိုက်ပျိုးရာတွင် အထွက်နှုန်းတိုးတက်စေရန်အတွက် မြေချဉ်ခြင်း၊ ငံခြင်းသည် အဓိက အဟန့်အတား တစ်ခု ဖြစ်ပါသည်။ မြေချဉ်ငံကိန်း မတူညီပါက အပင်၏ အမြစ်မှ ရရှိသော အဟာရဓာတ်များလည်း မတူညီနိုင်ပါ။ အထူးသဖြင့် စပါးအတွက် သင့်တော်သော မြေချဉ်ငံဓာတ်မှာ ၅.၅ မှ ၆.၅ အတွင်း ရှိရပါမည်။ မြေအရမ်းချဉ်လွန်းပါက အိုင်းရွန်းနှင့် အလူမီနီယမ် အဆိပ်သင့်မှုကို ဖြစ်ပေါ်စေပါသည်။
မြေ ဘာကြောင့် ချဉ်သွားရတာလဲ
များသောအားဖြင့် မြေချဉ်ခြင်းသည် –
၁။ မိုးရွာသွန်းမှု များလွန်းခြင်း
၂။ နိုက်ထရိုဂျင်မြေဩဇာများ အလွန်အကျွန် သုံးစွဲခြင်း
၃။ ပဲမျိုးနွယ်ဝင် သီးနှံများ ထပ်ခါထပ်ခါ စိုက်ပျိုးခြင်းတို့ကြောင့် ဖြစ်ပါသည်။
မြေချဉ်မှုကို အလွယ်ကူဆုံးဘယ်လိုပြုပြင်မလဲ
၁။ မြေချဉ်ခြင်း၊ ငံခြင်းကို သိရှိစေရန် ချဥ◌်ငံကိန်း ဘယ်လောက်ရှိလဲ pH level ကို စစ်ကြည့်ရပါမည်။
၂။ သီးလှည့်စိုက်ပျိုးခြင်းကို လုပ်ဆောင်ရပါမည်။
၃။ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မန်းဂနိနှင့် မော်လပ်ဒီနမ်တို့ကို စနစ်တကျ အချိန်မှန် ကျွေးရပါမည်။
၄။ နိုက်ထရိုဂျင်ဓာတ်မြေဩဇာများ အလွန်အကျွံ သုံးစွဲခြင်း လျော့ချရပါမည်။
၅။ သီးနှံများ မစိုက်မီ ထုံးကို ထည့်ပေးရပါမည်။
ကျေးဇူးရှင် တောင်သူ ဉီးကြီးများ စပါးသီးနှံတွင် အထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိပါစေ။…
