နှင်းဆီကိုင်းဖြတ်ခြင်း
နှင်းဆီစိုက်တောင်သူများခင်ဗျာ ဆောင်အကုန်နွေအကူးရာသီတွင် ရောဂါကျရောက်မှုသက်သာပြီး နှင်းဆီ အပင်သစ်ကောင်းကောင်းဖြစ်ထွန်းလာစေရန် အရွက်ခြွေပြီး ကိုင်းဖြတ်ခြင်းများကို လုပ်ဆောင်ပေးသင့်ပါတယ်။
ဘယ်လိုကိုင်းမျိုးတွေကို ရွေးချယ်ဖြတ်တောက်သင့်ပါသလဲ
– ရောဂါရနေသော ကိုင်းများ ၊ ကိုင်းခြောက်များ ၊ ရှုတ်ထွေးနေသောကိုင်းများ၊ ပန်းမပွင့်ဘဲ သေးလှီနေသော ကိုင်းများ
ကိုင်းဖြတ်ရာတွင် သတိထားရမည့်အချက်
– ဓား ထက်ထက် ကို အသုံးပြုခြင်း
– အသစ်ထွက်လာသော နှင်းဆီကိုင်းများ အပြင်ကို ဖျာထွက်ပြီးအပင်ကောင်းစွာကြီးထွားစေရန် အညွန့်ထွက်မည့် မျက်စေ့မှာ အပြင်ဘက်သို့ ဦးတည်နေရမည်
– ကိုင်းဖြတ်သည့်အခါ အတည့်မဟုတ်ဘဲ ၄၅ ဒီဂရီလောက်စောင်းဖြတ်ရမည်
– ပန်းခိုင်ဖြတ်ချိန်တွင် လည်း အောက်က ချန်ခဲ့မည့်ကိုင်းနှင့် ပန်းခိုင်ကို စနစ်တကျ ရွေးချယ်ဖြတ်ရမည်
ကိုင်းဖြတ်ပြီးနောက်ပိုင်း အပင်ပြုစုခြင်း
– ကိုင်းဖြတ်ထားသော နေရာများမှတစ်ဆင့် ပိုးရောဂါများ မဝင်စေရန် မှိုသတ်ဆေးများ ကြိုတင်အသုံးပြုထားခြင်း
– စိုက်ခင်း အတွင်း နှင့် စိုက်ခင်းအပြင်ဘက်အားပေါင်းရှင်းပေးခြင်း
– အပင်ကောင်းစွာဖြစ်ထွန်းပြီး အပွင့်လှပစေရန် ရေ၊ မြေသြဇာ နှင့် ဟော်မုန်းဆေးများ မဖြစ် မနေ ထည့်သွသင်းပေးခြင်း
