ဟေဗင်

မှိုရောဂါမျိုးစုံကာကွယ်ကုသဆေး

အသေးစိတ်ဖော်ပြချက်

ဆေးအမည် ဟေဗင် ၅ အက်စ်စီ
အစွမ်းရှိပစ္စည်း (AI) Hexaconazole 5%
‌ဆေးအမျိုးအစား ပင်လုံးပြန့်မှိုသတ်ဆေး
‌အသုံးပြုရမည့်ပုံစံ ရွက်ဖျန်း
‌ဆေးအာနိသင်ပြန့်နှံ့ပုံ ပင်လုံးပြန့် အာနိသင်ရှိပြီး အပင်ကိုဖျက်ဆီးသောမှိုများ၏ဆဲလ် နံရံတည်ဆောက်မှုကိုတားဆီးပေးသောဆေးဖြစ်သည်။
သုံးစွဲ၍ရသောသီးနှံ စပါး ၊ မြေပဲ၊ ပဲမျိုးစုံ၊ အာလူး၊ ခရမ်းချဉ်၊ ငရုတ်၊ စပျစ်၊ ကြက်သွန်၊ ပန်းမာန်နှင့် ဟင်းသီးဟင်းရွက်။
နှိမ်နှင်းနိုင်သော ရောဂါ ဖါးဥမှို၊ အကြေးဖတ်ရောဂါ၊ ရွက်ပျောက်ရွက်ခြောက်၊ ရွက်ဖုံးခြောက်၊ စပါးမှိုသီးရောဂါ။
‌သုံးစွဲရမည့်အချိန်
  • ရောဂါလက္ခဏာစတင်တွေ့ရှိသည့်အချိန်မှစ၍ ပက်ဖျန်းနိုင်သည်။
  • ရောဂါကျရောက်မှုဆိုးလျှင် ( ၅ ) ရက်ခြား ၂ ကြိမ်ပက်ဖျန်းနိုင်ပါသည်။
‌ဆေးနှုန်းထား ရေ ၂၀ လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ၄၀ – ၈၀ စီစီ ထည့်သွင်းပြီး တစ်ဧကလျှင် ၂၀၀ – ၄၀၀ စီစီဖြင့် ၅-၈ ပုံးအသုံးပြုပါ။
သီးနှံ့မရိတ်သိမ်းမီ နောက်ဆုံးဆေးဖျန်းရက် ၁၄-၂၁ ရက် ( အသုံးပြုသည့် သီးနှံအလိုက် ပြောင်းလဲနိုင်သည်)။
အဓိကအကျိုးကျေးဇူးများ
  • ကာကွယ်မှုနှင့်ကုသမှု ( ၂ )မျိုးလုံးအသုံးပြုနိုင်သောဆေးဖြစ်သည်။
  • အပင်ထဲကိုဆေးဝင်ရောက်မှုမြန်သဖြင့် ရာသီဥတုကြောင့်ဆေးဆုံးရှုံးမှုလျော့နည်းစေပါသည်။
  • အပင်အရောင်စိမ်းစေသည့် အာနိသင်ပါရှိသောကြောင့် ဆေးဖျန်းပြီး အပင်စိမ်းစိုစေ၍ အစာချက်လုပ်မှုအားကောင်းစေကာ သီးနှံပင်ပိုမိုကြီးထွားပြီး အထွက်တိုးစေသည်။

ဆက်စပ်ထုတ်ကုန်များ