ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-08-28
Share to
ရွက်ဖျန်းမြေဩဇာ အသုံးပြုရာတွင် ဂရုစိုက်ရမည့် ဓါတုဗေဒဆိုင်ရာ အချက်များ

ရွက်ဖျန်းမြေဩဇာများအသုံးပြုရာတွင် ဓါတုဗေဒဆိုင်ရာအချက်များကိုလဲ မဖြစ်မနေဂရုစိုက်သင့်ပါသည်။ ထို့သို့ ဂရုစိုက်ခြင်းအားဖြင့် ဖျန်းလိုက်သော ရွက်ဖျန်းအားဆေးများ အလေ့အလွင့်နည်းစေပြီး အပင်မှ ပြည့်ပြည့်ဝဝရရှိကာ အထွက်တိုးမည်ဖြစ်ပါသည်။

ယေဘုယျအားဖြင့် အရွက်မျက်နှာပြင်အပေါ်ယံအလွှာတွင် ဓါတ်မဂုဏ်သတ္တိရှိသောကြောင့် ဓါတ်ဖိုဂုဏ်သတ္တိရှိသော အာဟာရများသည် ဓါတ်မဂုဏ်သတ္တိရှိသော အာဟာရများထက် ပိုမို လျှင်မြန်စွာစုပ်ယူခြင်း ခံရပါသည်။ ဥပမာ အားဖြင့် ပိုတက်စီယမ်ဓါတ် သည် ကယ်စီယမ်၊ မဂ္ဂနီစီယမ် တို့ထက် ရွက်လွှာအတွင်း ဝင်ရောက်နိုင်မှု ပိုမိုကောင်းမွန်ပါတယ်။

ပိုတက်စီယမ်၊ နိုက်ထရိုဂျင်၊ မဂ္ဂနီစီယမ်၊ ဖော့စဖိတ်၊ ဆာလဖာ၊ ဘိုရွန် ဓါတ်တိုသည် အစာကြော အတွင်း ကောင်းစွာလှုပ်ရှားသွားလာနိုင်သဖြင့် အရွက်ပေါ်သို့ ပုံမှန်ဖျန်းပေးခြင်းဖြင့် အပင်မှ အစာအာဟာရများ ရရှိ စေ နိုင်သော်လည်း သံဓါတ်၊ သွပ်ဓါတ်၊ ကြေးနီ နှင့် မိုလစ်ဒီနမ် ၊ ကယ်စီယမ်၊ မဂ္ဂနီစီယမ်တို့သည် အစာကြောအတွင်းပုံမှန်သာ သွား လာ နိုင်သဖြင့် အပင်တစ်ပင်လုံးအား နှံ့စပ်စွာဖျန်းပေးဖို့လိုပါသည်။

အသုံးပြုသည့် ရွက်ဖျန်းအားဆေးသည် ပျော်ဝင်မှုကောင်းမှသာလျှင် သီးနှံပင်မှလွယ်ကူစွာ စားသုံး နိုင် မည်ဖြစ်ပါသည်။ ထို့အပြင် ဆေးဖျန်းကိရိယာများ ပိတ်ဆို့ခြင်းကိုလည်း ရှောင်ရှားနိုင်မည်ဖြစ်ပါသည် သီးနှံအဟာရများ၏လုပ်ဆောင်ချက်များ ပိုမိုကောင်းမွန်စေရန်နှင့် သီးနှံလောင်ကျွမ်းမှုများကိုရှောင်နိုင်ရန် အတွက် ဖျော်ရည်၏ ပြင်းအား နှင့် ချဉ်ငံကိန်းကိုလဲ ညှိရမည်ဖြစ်ပါသည်၊ အကောင်းဆုံး ချဉ်ငံကိန်းမှာ PH 4.5-6 အတွင်းဖြစ်ပါသည်။

News

ဆက်စပ်သတင်းများ

September 21, 2024