ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-08-28
Share to
ပဲတီစိမ်းအထွက်တိုးဖို့ ပေါင်းသတ်ဆေးစနစ်တကျသုံးစွဲနည်း

ပေါင်းသတ်ဆေးဖျန်းရာတွင် ပဲခင်းများအတွင်း အစိုဓာတ်အနည်းငယ်ရှိပါက ပိုမိုထိရောက်ပါသည်။ ပေါင်းသတ်ဆေးကို ဆေးမဖျန်းမီနှင့် ဆေးဖျန်းပြီးအချိန် မြေသြဇာကျွေးခြင်း၊ ရွက်ဖျန်းမြေသြဇာနှင့် ဆေးဖျန်းခြင်းများ မပြုလုပ်သင့်ပါ။ ဆေးဖျော်စပ်ရာတွင် ရေကြည်၊ ရေသန့်ကိုသာ အသုံးပြုသင့်ပါသည်။

ပဲတီစိမ်းအခင်းတွင်ပေါက်ရောက်သော ပေါင်းပင်များစွာကို အောက်ဖော်ပြပါ ပေါင်းသတ်ဆေးများကို မှန်ကန်စွာအသုံးပြုခြင်းဖြင့် ထိရောက်စွာနှိမ်နင်းနိုင်သည်။

(၁) ဟက်ကာ
ပဲမျိုးစုံတွင်ပေါက်သော ရွက်ပြန့်ပေါင်းနှင့် မြက်ပေါင်းများကို ရွေးချယ်သတ်ပေးသည်။
ပေါင်းပင်အရွက် (၂-၄)ရွက်ထွက်ချိန်တွင် အသုံးပြုလျှင် အထိရောက်ဆုံးဖြစ်သည်။
ဟက်ကာသည် ပေါင်းပင်၊ အရွက်၊ အမြစ်၊ ပင်စည်မှစိမ့်ဝင်သတ်နိုင်သောကြောင့် မြေအစိုဓာတ်ကောင်း၍ ပေါင်းမြက်စုံချိန်တွင်ဖျန်းလျှင် ပိုမိုထိရောက်သည်။

(၂) ဖော်ကျွန်း
ပဲမျိုးစုံ၊ မြေပဲ၊ ဝါ၊ ဖရဲ၊ ဟင်းသီးဟင်းရွက်သီးနှံများတွင် ပေါက်သောမြက်ပေါင်းများကို ထိရောက်စွာနှိန်နင်းပေးနိုင်သည့် ရွေးချယ်ပေါင်းသတ်ဆေးဖြစ်သည်။
ပေါင်းပင်အရွက် (၃-၅)ရွက်ထွက်ချိန်တွင် အသုံးပြုပါ။ သတိပြုရန်မှာ ဂျူံ နှင့် ပြောင်းသီးနှံတို့တွင် အသုံးမပြုသင့်ပါ။

(၃) ဖော်ဝမ်း
မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုပ်သီးနှံများတွင်ပေါက်သော ရွက်ပြန့်ပေါင်းများကိုရွေးချယ်သတ်ပေးသည်။ ထိသေဆေးဖြစ်၍ ပေါင်းပင်အစိတ်အပိုင်းအားလုံးကို ဆေးထိအောင်နှံ့နှံ့စပ်စပ်ပက်ဖျန်းမှ ထိရောက်သည်။
ပေါင်းပင်ငယ်စဉ်သုံးလျှင် ပို၍ထိရောက်သည်။ ဖော်ကျွန်းနှင့် တွဲသုံးပါက ရွက်ချွန်းရော ရွက်ပြန့်ကိုပါ သေစေသည်။

သတိပြုရန်မှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုပ်မှလွဲ၍ အခြားသီးနှံများတွင် အသုံးမပြုသင့်ပါ။

News

ဆက်စပ်သတင်းများ

September 21, 2024