ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-08-29
Share to
ကြက်သွန်ထိပ်ဖျား ဝါရသည့် အကြောင်းရင်းများ

ကြက်သွန်စိုက်တောင်သူကြီးတို့ အမြဲမေးလေ့ရှိတဲ့ ကြက်သွန်ထိပ်ဖျားတွေ ဝါနေလို့ ဘာကြောင့်ဖြစ်တာလဲ? ဘယ်လိုလုပ်ရမလဲ? ဆိုတဲ့ မေးခွန်းများအတွက်........

ကြက်သွန်အရွက်ထိပ်ဖျားတွေ ဝါရတာဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်
၁။ နိုက်ထရိုဂျင် ပမာဏ နည်းခြင်း၊ များခြင်း
၂။ ရေသွင်းသည့် ပမာဏ နည်းခြင်း၊ များခြင်း
၃။ ပိုးမွှား၊ ရောဂါကျရောက်ခြင်း စသည့် အကြောင်းရင်းများကြောင့် ကြက်သွန်ထိပ်ဖျားများ ဝါရခြင်း ဖြစ်ပါတယ်။

ဒါ့ကြောင့် ကြက်သွန်ပင်အတွက် သင့်တင့်သော နိုက်ထရိုဂျင်ပမာဏ၊ ရေ ပမာဏကို မှန်မှန် သွင်းပေးဖို့ လိုအပ်ပါတယ်။

ကြက်သွန်ဒေါင်းနီးရွက်ခြောက်ရောဂါ ကျခဲ့ပါက ကြက်သွန်အဖျားများ ဝါပြီး ခြောက်သွားတတ်သည်။ ကြက်သွန်အမြိတ်ပေါ် အဖြူရောင်အစက် အစုအဝေးအဖြစ် စတင်တွေ့ရပြီး မကြာမီ ပေါင်းစပ်သွားကာ အဝါဖျော့ရောင် အကွက်ကြီးဖြစ်လာပြီးနောက်ပိုင်း ကြက်သွန်မြိတ်တစ်ခုလုံး ခြောက်သွားသည်။ ဒေါင်းနီးရွက်ခြောက်ရောဂါ ကာကွယ်ဖို့ ပရိုပါ သုံးပေးလို့ရပါတယ်

ကြက်သွန်ခင်းတွေမှာ လှေးပိုးကျရောက်ခဲ့ပါက အရွက်ထိပ်ဖျားများ ဝါနိုင်ပါတယ်။ လှေးပိုးသည် အရွက်တွေမှာ ထိုးဖောက်စုပ်စားတဲ့အတွက် အရွက်များပေါ်တွင် ငွေရောင်အဖြူကွက်များ ပေါ်လာပြီး နောက်ပိုင်းတွင် အရွက်များ အဝါရောင်သန်းလာသည်။ ဆိုးဝါးစွာ ကျရောက်ပါက အပင်ကြီးထွားမှုရပ်တန့်ခြင်း၊ သေခြင်းအထိ ဖြစ်နိုင်သည်။ လှေးပိုးကာကွယ်ဖို့အတွက် တော်ပီဒို သုံးပေးနိုင်ပါတယ်။

တောင်သူကြီးတို့ ကြက်သွန်စိုက်ခင်းတွေမှာ အဖျားဝါခြင်းပြဿနာများ ကောင်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်ကြပါစေခင်ဗျာ....

News

ဆက်စပ်သတင်းများ

September 20, 2024