ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-08-29
Share to
ရွက်ဖျန်းမြေဩဇာအသုံးပြုချိန်တွင် ဂရုစိုက်ရမည့်အချက်များ

ရွက်ဖျန်းမြေသြဇာများကို သီးနှံအစုံတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာခြင်းကြောင့် မိမိတို့ သုံးစွဲသော ရွက်ဖျန်းမြေဩဇာများ အလေ့အလွင့်နည်းစေရန်နှင့် အပင်မှ အပြည့်အဝရရှိစေရန် အောက်ပါတို့ကို အထူးဂရုစိုက်ကြရန် လိုအပ်သည်။

 

၁) အပူချိန်၊ စိုထိုင်းဆ နှင့် ဖျန်းရမည့်အချိန်
၂) မိုးရွာသွန်းမှု ၊ အစိုဓါတ်
၃) လောင်းရိပ်ကျခြင်း တို့ဖြစ်ပါတယ်။

 

၁) အပူချိန် စိုထိုင်းဆ နှင့် ဆေးဖျန်းရမည့်အချိန်
မနက်ပိုင်းနှင့် နေအေးချိန်များတွင် အသုံးပြုပါက အရွက်၏ လေရှုပေါက်များမှ တစ်ဆင့် အာဟာရများ ကောင်းစွာဝင်ရောက်နိုင်သောကြောင့် ရွက်ဖျန်းအားဆေးများဖျန်းရာတွင် နံနက် ၉း၀၀ နာရီ မတိုင်မှီနှင့် ညနေ ၄း၀၀နာရီနောက်ပိုင်း တွင် ဖျန်းသင့်ပါ သည်။

နေပြင်းချိန်တွင် အရွက်၏ လေရှူပေါက်များ အလုပ် ကောင်းစွာ မလုပ်သဖြင့်မဖျန်းသင့်ပါ။ အပူချိန် ၂၁ ဒီဂရီစင်တီဂရိတ်သည် အပင်မှရွက်ဖျန်းမြေဩဇာများ အကောင်းဆုံး စုပ်ယူနိုင်သော အပူချိန်ဖြစ်သဖြင့် ရာသီဥတု ပူပြင်းသောအခြေအနေများတွင် ဖျန်းခြင်းရှောင်သင့်ပါသည်။ ထို့အပြင် ရာသီဥတု ခြောက်သွေ့နေသောအချိန်များတွင် ဖျန်းခြင်းကိုလဲ ရှောင်ရပါမည်။

၂) မိုးရွာသွန်းမှု နှင့် အစိုဓါတ်
ရွက်ဖျန်းအားဆေးဖျန်းပြီး ၂၄ နာရီအတွင်း မိုးမရွာမှသာ ထိရောက်မှုအကောင်းဆုံးဖြစ်နိုင်သည်။ဖျန်းပြီး မကြာမှီမိုးရွာက အာဟာရဓါတ်များ မိုးရေနှင့်အတူရောပါပြီး ဆုံးရှုံးစေနိုင်သောကြောင့်ဖြစ်သည်။ ရွက်ဖျန်းအားဆေးအသုံးပြုရာတွင် မြေဆီလွှာအစိုဓါတ်ကောင်းစွာရှိရန်လည်းလိုအပ်ပါတယ်။ အစိုဓါတ်ကောင်းသောမြေတွင် ရွက်ဖျန်းအားဆေးအားဆေးအသုံးပြခြင်းသည် ခြောက်သွေ့သောမြေတွင် အသုံးပြခြင်းထက် ပိုမိုထိရောက်မှုရှိပါသည်။

၃) လောင်းရိပ် ကျခြင်း
လောင်းရိပ်ကျသောနေရာများတွင် ရွက်ဖျန်းအားဆေးအပေါ်တုံ့ပြန်မှုနည်းလေ့ရှိပါသည်။ ဥပမာ ဖော့စဖိတ်ဓါတ်ကို လောင်းရိပ်မကျသောနေရာများတွင် အရွက်မှပိုမိုစုပ်ယူနိုင်ပါသည်။

News

ဆက်စပ်သတင်းများ

September 21, 2024