ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-08-28
Share to
ကုလားပဲဖျူစေရီယမ်ပင်ညှိုးရောဂါ

ဖျူစေရီယမ်ရောဂါဖြစ်စေသော သက်ရှိမှာ Fusarium oxysporum ဖြစ်ပြီး စိုက်ပြီး ၃ပတ်အတွင်းဖြစ်သော အပင်ငယ် အဆင့်တွင်ရောဂါကျရောက်မှုကို တွေ့ရှိနိုင်သည်။ စိုက်ပြီး ၃-၅ပတ်အကြာတွင် အပင်ငယ် တစ်ပင်လုံး မြေကြီးပေါ်တွင်နဂိုအစိမ်းရောင် မပြယ်ဘဲ ညှိုးကျ ယိုင်လဲနေပါသည်။ အမြစ်ကိုဆွဲနှုတ်ကြည့်သည့်အခါ အမြစ်နှင့် ပင်စည်ဆက်ထားသောနေရာ၏အပေါ်ပိုင်း နှင့်အောက်ပိုင်းသည် ရှုံ့တွနေသည်။ ထိုအပိုင်းသည်(၂.၅) စင်တီမီတာခန့် ရှည်သည်။

ထို့အပြင် အပင်ကြီး၏ ပင်စည်အတွင်းရှိရေကြော အဖွဲ့အစည်းသည် အညိုရောင်မှ အနက်ရောင်သို့ ပြောင်းသွားပါသည်။ ကူးစက်ခံရမှုများပါက တစ်ကွင်းလုံးကို ခြုံကြည့်လျှင် အကွက်လိုက်ညှိုးခြောက်နေသည်ကို တွေ့ရသည်။ ထိုရောဂါသည် မြေဆောင်ရောဂါတစ်မျိုးဖြစ်ပြီး မှိုသည် မျိုးစေ့နှင့် မြေကြီးထဲတွင် ရှင်သန်နေထိုင်ကြသည်။ နွေရာသီတွင် ထယ်ရေးနက်နက်ထိုးရန် လိုအပ်ပါသည်။

ကာကွယ်ကုသနည်း

သန့်စင်သောမျိုးစေ့နှင့် ရောဂါကင်းသော မျိုးစေ့ကို အသုံးပြုပါ။

အပူချိန် မြင့်သောအချိန်တွင် မစိုက်ပျိုးသင့်ပါ။

မျိုးရင်းဝင်မတူသော သီးနှံများနှင့် သီးလှည့် စိုက်ပျိုးပါ။

မျိုးစေ့အား ပင်စုံမျိုးစေ့လူးနှယ်ဆေး လူးစိုက်ပါ။

စိုက်ပြီး ၁၅ရက်သားတွင် သမားတော်မှိုသတ်ဆေးကို ဖျန်းပေးနိုင်ပါသည်။

News

ဆက်စပ်သတင်းများ

September 20, 2024