မိုးစပါးနှင့် နွေစပါး နှစ်မျိုးလုံးတွင်ကျရောက်တတ်ပြီး မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် တွေ့ရသည့် စပါးဆစ်ပိုးအကြောင်း လေ့လာကြည့်ကြရအောင်ဗျာ...
ဆစ်ပိုး၏ ဖျက်ဆီးပုံလက္ခဏာများ
- စပါးပျိုးပင်အဆင့်မှ ရင့်မှည့်ချိန်အထိ သက်တမ်းတစ်လျှောက် ကျရောက်ဖျက်ဆီးနိုင်ပါသည်။
- အရွက်များထုတ်လုပ်ချိန်တွင် အပင်၏အောက်ခြေမှစ၍ ထိုးဖောက်လေ့ရှိသည်။
- အပင်များကြီးထွားလာပါက အပေါ်ပိုင်းအဆစ်များကို ဖောက်ထွင်းပြီး အောက်ခြေဘက်သို့ ဦးတည်ကာ စားသောက်ဖျက်ဆီးသည်။
- နိုက်ထရိုဂျင်ဓာတ်များသော အခင်းများသည် ဆစ်ပိုးအရေအတွက်ကို တိုးပွားစေရန် အားပေးသည်။
- စပါးပင်အရွက်ထွက်ချိန် ကြီးထွားမှုအဆင့်တွင် အပင်သစ်များကို စားသောက်ဖျက်ဆီးသောကြောင့် အူတိုင်ပုပ်ခြင်းကို တွေ့ရတတ်ပါသည်။
- ဆစ်ပိုးကျတဲ့အခါ ပင်ပွားကောင်းကောင်းမထွက်နိုင်တော့ဘဲ အထွက်နှုန်းကိုလည်း လျော့နည်းစေနိုင်ပါသည်။
- စောစောစိုက်ခြင်းသည် အထွက်နှုန်း ၂၀% ကိုသာ ထိခိုက်စေနိုင်ပြီး နောက်ကျမှစိုက်ခြင်းသည် အထွက်နှုန်း ၈၀% ခန့်ထိခိုက်စေပါသည်။
- သိသာထင်ရှားသောလက္ခဏာမှာ အနှံများထွက်ချိန်တွင် အဖြူရောင်ဖြစ်ပြီး အဆံများ မပါရှိခြင်း၊ ပင်စည်နှင့် ပင်ပွားများတွင် အပေါက်လေးများ တွေ့ရခြင်း၊ ဖျက်ဆီးခံလိုက်ရသော ပင်စည်ထဲတွင် ပိုးကောင်မစင်များ တွေ့ရခြင်း စသည့်လက္ခဏာများဖြစ်ပါသည်။
ကာကွယ်နှိမ်နင်းနည်းများ
- စောစောစိုက်ပျိုးပါ။
- ခံနိုင်ရည်ရှိသောမျိုးကို ရွေးချယ်စိုက်ပျိုးပါ။
- ပျိုးခင်းနှင့်ကောက်စိုက်ချိန်တွင် တွေ့ရသော ပိုးဥများကို ဖျက်ဆီးပစ်ပါ။
- ဥမှမပေါက်ဖွားစေရန် အပင်၏အောက်ပိုင်းတွင် တွယ်ကပ်နေသော ဥများရေထဲနစ်သွားစေရန် တစ်ခင်းလုံးကို ရေခပ်မြင့်မြင့်သွင်းပေးပါ။
- နိုက်ထရိုဂျင်မြေသြဇာကို သင့်တော်သောပမာဏဖြင့် ခွဲပြီးကျွေးပါ။
- စပါးရိတ်ပြီးပါက ထယ်ထိုးပြီး ရေလွှမ်းပါ။
- စပါးနှင့် ပဲမျိုးစုံသီးနှံတစ်မျိုးမျိုးကို သီးလှည့်စိုက်ပျိုးပါ။
- အူပုပ် နှင့် အနှံဖြူ ၁၅% တွေ့ရှိပါက စီးပွားရေးထိခိုက်စေသောအဆင့်ဟု သိနိုင်ပါသည်။
- ဓာတုပိုးသတ်ဆေးအသုံးပြုလိုပါက ပင်လုံးပြန့်အာနိသင်ရှိသော ဆေး ဖျုရာဒန်၊ ကာဘိုဖျုရန်၊ ကလိုပိုင်ရီဖော့တစ်မျိုးမျိူးကိုအပင်ခြေတွင် ထည့်သွင်းအသုံးပြုနိုင်ပါသည်။
- ဆစ်ပိုးကျရောက်ပါက မြန်မာ့ဩဘာရဲ့ ဇွန်ဘီနှင့် ဖိုင်းရားကို နှစ်ကြိမ်အသုံးပြုနိုင်ပြီး ကြဲပတ်လိုပါက ဩဘာမြေကောင်း အသုံးပြုနိုင်သည်။