ကြက်သွန်ဂျိူလိမ်(မှည့်ပြောက်စွန်း) မှာ မှိုကြောင့်ဖြစ်ပြီး ပျိူးခင်းမှ စိုက်ခင်းထဲထိကျရောက်နိုင်သည်။
မြေဆောင်ဖြစ်သဖြင့် တစ်ကြိမ်ကျရောက်ပြီးတာနှင့် နှစ်စဉ်ကျရောက်တတ်သည်။
ကြက်သွန်စိုက်ခင်းများတွင် ဂျိုလိမ်ရောဂါစတင်ဝင်ရောက်ပါက -
အရွက်များ အစိမ်းရောင်ဖျော့လာခြင်း၊ အရွက်များ လိမ်ခြင်း၊ တွန့်ခြင်း ၊ အရွက်ထိပ်ဖျားမှစ၍ ခြောက်သွေ့လာခြင်း
အပင်တွင်း ဟော်မုန်း ( Indole acetic acid , IAA) ပမာဏ တိုးလာခြင်းကြောင့် ပင်စည်ပုံမှန်ထက်ပိုရှည်ထွက်လာခြင်း
ကြက်သွန်ဥများသေးသွယ် ရှည်လျားလာခြင်း
ပိုမိုဆိုးရွားစွာကျရောက်ပါက နောက်ဆက်တွဲ ကြက်သွန်ဥများ ပုပ်ခြင်း ၊ အမြစ်များပုပ်ခြင်း ၊ အပင်သေခြင်းအထိဖြစ်နိုင်ပါသည်။
ဂျိုလိမ်ရောဂါသည် စိုက်ခင်းအတွင်းသော်လည်းကောင်း ၊ စိုက်ဘောင်းများပေါ်တွင်လည်းကောင်း ၊ စိုထိုင်းစမြင့်မားမှု နှင့် အပူချိန် အပေါ်လိုက်၍ အကွက်လိုက်ကျရောက်ခြင်း ၊ နေရာအနှံ့အပြားကျရောက်ခြင်း များဖြစ်ပွားနိုင်ပါသည် ။
မိမိစိုက်ခင်းတွင် ရောဂါကျရောက် နေပါက ရေသွင်းခြင်း ၊ နိုက်ထရိုဂျင် ဓာတ်လွန်ကဲစွာကျွေးခြင်း တို့အားသတိပြုရှောင်ကြဉ် ရမည် ။
စိုထိုင်းစ မြင့်မားသောနေရာများ ရောဂါကျရောက်သောနေရာများအား ကျောက်မှုန့် (ကောမက် ဂျစ်ဆမ်) ထည့်သွင်းပေးခြင်းဖြင့်ရောဂါပြန့်ပွားမှုကိုကာကွယ်နိုင်သည် ။
ကာကွယ်နှိမ်နင်းနည်းများ