ပျိုးခင်းချိန်မှစပြီး အနှံထွက်ချိန်ထိ ကျရောက်လေ့ရှိတဲ့ စပါးဂုတ်ကျိုးရောဂါဟာ အခုချိန်မှာဆို ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းက စပါးခင်းတိုင်းမှာ ဆိုးဝါးစွာ ကျနေပြီ ဖြစ်ပါတယ်။
စပါးဂုတ်ကျိုးရောဂါဟာဆိုရင် စပါးသက်တမ်းအလိုက် ပျိုးပင်၊ စပါးရွက်၊ အဆစ်နှင့် စပါးဂုတ်တွင် ဖြစ်ပေါ်လေ့ရှိပါတယ်။
သိသာထင်ရှားတဲ့ လက္ခဏာအနေနဲ့ နီညိုရောင် လွန်းပုံသဏ္ဍာန် အနာကွက်များကို မြင်နိုင်ပါတယ်။
အကွက်အလယ်တွင် မီးခိုးရောင် (သို့) အဖြူရောင် အစက်များ ဖြစ်ပေါပြီး အစိမ်းရင့်ရောင်မှ နီညိုရောင် အနားသတ်များ ပါရှိပါတယ်။ တစ်ခါတစ်ရံ အဝါရောင် အနားသတ်များလည်း ဖြစ်ပေါ်တတ်ပါတယ်။
ရောဂါဆိုးရွားလာပြီဆိုရင်တော့ အရွက်တွေ ခြောက်ပြီး သေသည်အထိပါ ဖြစ်နိုင်ပါတယ်။
စပါးဂုတ်ကျိုးရောဂါကို ဖြစ်စေသော သက်ရှိကတော့ Pyricularia Oryzae ဖြစ်ပါတယ်။
စပါးဂုတ်ကျိုး ရောဂါကို ဘယ်လိုကာကွယ်မလဲ?
ကျွန်တော်တို့ တောင်သူကြီးတို့ရဲ့ စပါးခင်းများ ရောဂါကင်းကာ အထွက်နှုန်းကောင်းတွေ ရကြပါစေခင်ဗျာ...