ဂေါ်ဖီရွက်များ၏ အထပ်ထပ်ဖြစ်နေသော ဆန်းကြယ်သောသဘာဝ
ဂေါ်ဖီရွက်များသည် ဒီလိုအထပ်ထပ်ပုံစံဖြင့် ထပ်နေခြင်းသည် အဘယ့်ကြောင့်ပါနည်း?၊ ဤတွင် ထူးခြားလှသောဂေါ်ဖီပင်၏ သဘောသဘာဝများကို ဗဟုသုတရဖွယ် ဖော်ပြပေးသွားပါမည်။
၁-Maximizing sunlight culture ဟုခေါ်သော နေရောင်ခြည်စွမ်းအင်အားဖမ်းယူရရှိပုံမှာ
ဂေါ်ဖီပင်များသည် နေရောင်ခြည်စွမ်းအင်ကို အမြင့်ဆုံး အကောင်းဆုံးစုပ်ယူရရှိနိုင်စေရန် တမူထူးခြားသော သဘာဝဖြစ်စဉ်ရှိပါသည်၊ အရွက်များထပ်နေခြင်းသည်ပင်လျှင် တမူထူးခြားပြီး မျက်နှာပြင်ဧရိယာကိုများစေသည် ၎င်းအချက်ကပင်နေရောင်ခြည်ကို အပင်တစ်ရွက်ချင်းစီမှ နေရောင်ရရှိနိုင်ပြီး ရရှိလာသော အလင်းဓာတ်နှင့်ပင် အပင်များအစာချက်လုပ်ပြီး အပင်ကြီးထွားဖွံ့ဖြိုးမှုကိုလှုံ့စော်သည်။
၂-Efficient space utilization ဟုခေါ်သော အရွက်များကိုနေရာလွတ်မကျန် တင်းကျပ်စွာပေါင်းစည်းပြီး အထပ်ထပ်ဖြစ်စေခြင်းဖြင့် နေရာယူမှုကိုကျုံ့လိုက်ပြီး မြေဧရိယာတစ်ခုတည်းတွင်ပင် အပင် ထောင်ပေါင်းများစွာဝင်ဆံ့စေပါသည်။
၃-Protection from external factors ဟုခေါ်သော ဂေါ်ဖီရွက်များတစ်ခုနှင့်တစ်ခု ထူထဲစွာ အထပ်လိုက်ရှိနေခြင်ကပင် ပြင်ပ သဘာဝအန္တရာယ်များဖြစ်သော လေတိုက်ခြင်း နေရောင်ခြည်လွန်ကဲခြင်းနှင့် ပိုးမွှား ရောဂါများကဲ့သို့သော အရာများကို သဘာဝအလျောက် တားဆီးပေးပါသည်။
၄-Retaining moistureဟုခေါ်သော ဂေါ်ဖီအရွက်များထပ်နေခြင်းဖြင့် ရရှိလာသော အကျိုးကျေးဇူးမှာ အစိုဓာတ်များကို ထိန်းသိမ်းထားနိုင်ခြင်းဖြစ်ပါသည်၊ ထပ်နေသောရွက်လွှာများသည် အပင်အတွင်း microclimateဟုခေါ်သော ဂေဟစနစ်ကိုဖြစ်စေပြီး ရေငွေ့ပျံမှုကိုလျှော့ချကာ စိုထိုင်းစကို ပိုမိုမြင့်မားစေပါသည် ဤသည်ပင်လျှင် ခြောက်သွေ့ မိုးနည်းသော အခြေအနေများတွင် ဂေါ်ဖီပင်၏ ရေဓာတ်လိုအပ်မှုကိုထောက်ပံ့ပေးပါသည်။
၅-Enhanced nutrient efficiency ဟုခေါ်သော အပင်အာဟာရရရှိမှုတွင် အပင်သည် အမြစ်များမှရေနှင့် အာဟာရများကိုစုပ်ယူပြီး ထပ်နေသော အရွက်များနှင့် အပင်အစိတ်အပိုင်းအားလုံးသို့ပို့ဆောင်ပေးသည် ဤသည်ပင်လျှင် အရွက်တိုင်းအတွက် မရှိမဖြစ်လိုအပ်သော အာဟာရများကိုရရှိစေပြီး ကြီးထွားရှင်သန်စေပါသည်။
-နိဂုံးချုပ်အားဖြင့် ဂေါ်ဖီပင်၏ သဘာဝမှပေးသော အထပ်ထပ်ဖြစ်နေသောအရာသည် နေရောင်ခြည်ကိုအမြင့်မားဆုံးစုပ်ယူမှုအားလည်းကောင်း၊ အရွက်များကို ကျစ်ကျစ်လစ်လစ်ဖြစ်စေပြီး မြေနေရာတစ်ခုတွင်မျောက်များစွာစိုက်ပျိုးနိုင်ခြင်းသည်လည်းကောင်း၊ ပြင်ပအန္တရယ်များမှ ကာကွယ်နိုင်ခြင်းသည်လည်းကောင်း၊အစိုဓာတ်ထိန်းနိုင်းခြင်း၊အပင်အာဟာရ ထိရောက်စွာစားသုံးနိုင်ခြင်းတို့ပင်ဖြစ်ပါသည်။
