မြေဆီလွှာအတွက်အကျိုးပြု ပဲမြစ်ဖုများ
ရိုင်ဇိုဘီးယမ်လို့ခေါ်သော အကျိုးပြုဘက်တီးရီးယားများဟာ ပုံမှန်ဆိုရင် လက်ခံပင်မရှိဘဲ မြေထဲမှာ ရှင်သန်နေထိုင်ကြပါတယ်။ သို့သော် မြေဆီလွှာထဲတွင် နိုက်ထရိုဂျင် ရရှိနိုင်မှုကန့်သတ်ထားခံရပါက ပဲပင်များသည် ဘက်တီးရီးယားများ ရောက်ရှိလာရန်အတွက် Flavonoids များ ထုတ်ကြပါတယ်။
ရိုင်ဇိုးဘီးယမ်များဟာ ၎င်းနှင့်ထိတွေ့ကာ nodulation factor များ ထုတ်လွှတ်၍ အမြစ်မွှေးများကို ပုံပျက်သွားအောင်ပြုလုပ်ပြီး အမြစ်ဆဲလ်ထဲသို့ ဝင်သွားပါတယ်။ ထို့အခါ ဆဲလ်ကွဲပွားမှုများဖြစ်ပေါ်ပြီး အမြစ်ဖုများဖြစ်ပေါ်လာခြင်းဖြစ်သည်။
ရိုင်ဇိုဘီယမ်များသည် လေထုထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူပြီး အမိုးနီးယားအဖြစ်ပြောင်းလဲပေး၍ အပင်အသုံပြုနိုင်ရန် အမိုင်နိုအက်စစ်နှင့် နယူကလီယိုတိုက် ပုံစံပြောင်းပေးကာ ဘက်တီးရီးယားအတွက် Suagr ( Carbohydrate) ပြန်ထုတ်ပေးပါတယ်။
ထို့ကြောင့် ပဲပင်များဟာ နိုက်ထရိုဂျင်မြေသြဇာကို အနည်းငယ်သာလိုအပ်ပါတယ်။ ဒါ့အပြင် နောက်သီးနှံအတွက်ပါ မြေထဲတွင် နိုက်ထရိုဂျင် ချန်ထားခဲ့ပေးပါတယ်။
လေထုထဲမှ နိုက်ထရိုဂျင်နှင့် အပင်မှ ရသော ရေ ၊ ကာဘိုဟိုက်ဒရိတ်နှင့်ပေါင်းပြီး အမိုင်နိုအက်စစ်ထုတ်ပေးခြင်းဖြစ်ပါတယ်။ ထို့ကြောင့် သီးနှံပင် မြေကြီးနှင့် ဟန်ချက်ညီညီ အကျိုးပြုနေကြပါတယ်။ တောင်သူများအနေဖြင့် ပဲပင်များစိုက်ပျိုးပြီး ပဲမြစ်ဖု မြေသြဇာများ ပြုလုပ်ပေးသင့်ပါတယ်။
ပဲပုပ်၊ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ မတ်ပဲ ပဲမျိုးစုံနှင့် ညံပင် ၊ ဘောစကိုင်း၊ ကုက္ကိုလ် တို့တွင် မြစ်ဖုဘက်တီးရီးယားများ စွာနေထိုင်ကြပါတယ်။
တောင်သူများအနေဖြင့် ပဲပင်ပဲမြစ်ဖု များများထွက်ဖို့အတွက် ပထမဆုံးနှစ် ပဲစိုက်ချိန်မှာ ပဲမြစ်ဖု မြေသြဇာများအသုံးပြုပေးနိုင်ပါတယ်။ ပဲမြစ်ဖုများကို စိုက်ခင်းအတွင်း ပြန်ထည့်နိုင်ရန် ပဲစိုက်မည့်ဘောင်အရင်ပျိုးခြင်း၊ ပဲပန်းပွင့်ချိန်မှာ နှုတ်ပြီး အမြစ်များကို အခြားစိုက်ခင်းများအတွင်းသို့ ထည့်ပေးခြင်းများအပြင် ပဲစိုက်ပြီး ပန်းပွင့်ချိန်မှ ထယ်ထိုးထွန်းမွှေခြင်းများလုပ်ဆောင်ပါက ပဲမြစ်ဖုများအပြင် ပဲရိုး ပဲရွက်များတွင်ပါရှိသောအာဟာရဓာတ်များပါ မြေဆီလွှာအတွင်းကျန်ရစ်နေမည်ဖြစ်ပါတယ်။
