ရွက်ဖျန်းမြေဩဇာ နှင့် အသုံးပြုသင့်သော အခြေအနေများ
သီးနှံပင်၏ အရွက်များမှ ရေနှင့် အာဟာရဓါတ် များ စုပ်ယူနိုင်ကြောင်းကို လွန်ခဲ့သော ၃ ရာစုကတည်းက တွေ့ရှိခဲ့ပြီး ၊ စပျစ်တွင် ရွက်ဖျန်းမြေဩဇာများကို ၁၉ ရာစု ကတည်းက စတင်သုံးစွဲခဲ့ကြောင်းတွေ့ရှိခဲ့ရပါသည်။ ယနေ့အချိန်တွင် ရွက်ဖျန်းမြေဩဇာများသည် သီးနှံထုတ်လုပ်မှုမြှင့်တင်ရာအတွက် အရေးကြီးသော အခန်းကဏ္ဍ မှပါဝင်လျက်ရှိပါတယ်။
ရွက်ဖျန်းမြေဩဇာအသုံးပြုခြင်းသည် မြေသြဇာ တိုက်ရိုက်ကျွေးခြင်းကို လျှော့ချခြင်းနှင့် အစားထိုးအသုံးပြုရန်မဟုတ်ဘဲ အပင် လိုအပ်သည့်အာဟာရဓါတ်များကို အရွက်မှတစ်ဆင့် လျှင်မြန်စွာ ရရှိနိုင်ရန် ထပ်မံဖြည့်စွက်ပေးခြင်းသာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ သီးနှံပင်နှင့် ပတ်ဝန်းကျင်အခြေအနေအရ ရွက်ဖျန်းမြေသြဇာ အသုံးပြုသင့်သော အခြေအနေများကို ဖော်ပြပေးလိုက်ပါတယ်။
ရွက်ဖျန်းမြေဩဇာအသုံးပြုသင့်သောအခြေအနေများ-
၁) မြေဆီလွှာအတွင်း သီးနှံပင်အတွက် လိုအပ်သောအာဟာရများ လုံလောက်မှုမရှိသော အချိန်
၂) မိုးရွာသွန်းမှုမရှိဘဲ ရေသွင်းခြင်းပြုလုပ်ရန် ခက်ခဲသော အချိန်
၃) မြေဆီလွှာ ချဉ်လွန်း၊ ငံလွန်းသောကြောင့် အပင်၏ အမြစ်မှ အာဟာရများ စုပ်ယူမစားသောက်နိုင်ချိန်
၄) ရာသီဥတုခြောက်သွေ့ခြင်း၊ ရေဝပ်ခြင်း၊ ရာသီဥတုအေးခြင်းတို့ကြောင့် အပင်မှ အာဟာရများ အလွယ်တကူ မရနိုင်သောအခြေနေများ
၄) ပန်းပွင့်ချိန် တွင် အမြစ်ဖွံဖြိုးမှုနှင့် အမြစ်၏ လုပ်ဆောင်ချက်များ လျော့ကျ သွားလေ့ ရှိသော ကြောင့် လိုအပ်သောအာဟာရဓါတ်များအချိန်မှီ မရရှိနိုင်ချိန်တို့တွင် ရွက်ဖျန်းမြေဩဇာများ ကိုအသုံးပြုပေးရန်လိုအပ်ပါသည်။
