ကြက်သွန် ဥ ပုပ်ခြင်း ၂မျိုး

ကြက်သွန်စိုက်ခင်းများ တွင် ဥပုပ်ခြင်း၌

အပင်ခြေ မှိုကျပြီး ပုပ်ခြင်း နှင့်

ဘတ်တီးရီးယားကျပြီး ပုပ်ခြင်း ဟူ၍ ၂ မျိူးရှိသည်။

ကြက်သွန်အပင်ခြေတွင် ခေါင်းများပြုတ်သွားခြင်း ၊ အပင်ခြေတွင်မှိုမျှင် အဖြူများတွေ့ရခြင်း၊ ကြက်သွန်အလက်များ အဖျားမှ တဖြည်းဖြည်းခြင်းဝါခြောက်လာခြင်းဖြစ်ပါက (Onion White Rot/ Sclerotium) မှိုကြောင့်ဖြစ်သော ဥပုပ်ဖြစ်သည်

ကြက်သွန်ပျိူးခင်းများမှာ ကျရောက်တတ်သည်။

အဆိုပါမှိုကျပြီးပါက ( နောက်ဆက်တွဲ အဖြစ်) နောက်ထပ် ဘတ်တီးရီးယားပါ ကျရောက်နိုင်သည်

ဘတ်တီးရီးယားကြောင့် ဥပုပ်ဖြစ်ပါက ကြက်သွန်ပင်အရွက်များမှာ လုံးဝပျော့ကျသွားပါသည်။
မှိုကြောင့်ပုပ်ခြင်းမှာ ချက်ခြင်းပျော့ကျမသွားပါ။

ဆောင်ရန်ရှောင်ရန်အချက်များ

ရေများများသွင်းခြင်း၊ ပုလဲမြေသြဇာအလွန်အမင်းကျွေးခြင်း၊ မဆွေးသေးသော နွားချေး အမှိုက်များထည့်ခြင်း ရှောင်ပါ။

ကောမက် ပရီမိုလိုက် ကဲ့သို့ ကွန်ပေါင်းမြေသြဇာကျွေးပါ။

မှိုကြောင့် ဖြစ်ပါက ယူနတီ ကိုဆေးဖျန်းပုံးတစ်ပုံးလျှင် ၁၀-၂၀ စီစီနှုန်း အပင်ခြေရွှဲအောင်ဖျန်းပါ။

ဘတ်တီးရီးယားကြောင့်ဖြစ်ပါက ရာဇဖွား (သို့) ဘက်တီးရားကိုဆေးဖျန်းပုံးတစ်ပုံးလျှင် ၅၀ဂရမ်နှုန်းဖျန်းပါ။