မတ်ပဲ၊ ပဲတီစိမ်း သီးနှံ လိုအပ်သော အပင်အဟာရများအကြောင်း

ပဲတီစိမ်း၊ မတ်ပဲ စိုက်ပျိုးတောင်သူဦးကြီးများအတွက် ပဲထွက်ကောင်းရန် ဂရုစိုက်သင့်သည်များကို မျှဝေလိုပါသည်
မတ်ပဲ၊ ပဲတီစိမ်း သီးနှံ စိုက်ပျိုးရန်အတွက် အပင်အဟာရအကြောင်း ပြောရတော့မယ်ဆိုရင် ပထမဦးစွာ မိမိစိုက်ပျိုးသော မြေအတန်းအစားမှာ မျက်မြင်အားဖြင့် မြေဆီလွှာအခြေအနေ ကောင်းမွန်မှု ရှိ၊မရှိ စစ်ဆေးသင့်ပါသည်။
သို့မှသာ မိမိစိုက်ပျိုးသောမြေတွင် အပင်အတွက် လိုအပ်သော အဟာရများကို ထည့်သွင်းနိုင်မှာ ဖြစ်ပါသည်
စိုက်ပျိုးသီးနှံတိုင်းအတွက် အပင်အတွက်လိုအပ်သော အာဟာရ (၁၆)မျိုးရှိရာ ပဲသီးနှံအထွက်တိုးရေးအတွက် လိုအပ်သော အပင်အာဟာရ ဖြည့်တင်းရေး လုပ်ဆောင်နိုင်ရန်အတွက် အပင်အဟာရချို့တဲ့မှုပုံစံတွေအရ အရေးကြီးသော အာဟာရချို့တဲ့မှု လက္ခဏာများနှင့် လိုအပ်သော အာဟာရဓါတ်များအကြောင်းကို မျှဝေသွားပါမယ်
  • နိုက်ထရိုဂျင်(N)

ပဲတီစိမ်း၊ မတ်ပဲသီးနှံတွင် နိုက်ထရိုဂျင်ချို့တဲ့ပါက အရွက်ရင့်များ အစိမ်းဖျော့ အဝါရောင်ပြောင်းပြီး အပင်အရပ်ရှည်ပြီး ပင်စည်သေးသွယ်လာပါမည်။ နောက်ဆက်တွဲ ကိုင်းဖျာမှု လျော့နည်းပြီး ပန်းပွင့် ပန်းခိုင် လျော့နည်းလာတဲ့အတွက် သီးတောင့်၊အစေ့အဆန်လျော့နည်းလာပြီး အထွက်နှုန်း တင်ပြည့်ကျပ်ပြည့် မရရှိနိုင်တော့ပါဘူး။ (သတိပြုရန်မှာ-ပဲသီးနှံအများစုသည် လေထဲမှ နိုင်ထရိုဂျင်ကို ပဲမြစ်ဖုများဖြင့် ဖမ်းယူနိုင်စွမ်းရှိတဲ့အတွက် ပုလဲကဲ့သို့ နိုက်ထရိုဂျင်အချိုးမြင့်များ အလွန်အကျွံ မကျွေးရပါ။)
  • ဖော့စ်ဖရပ်(P)

ပဲတီစိမ်း၊ မတ်ပဲသီးနှံတွင် ဖော့စ်ဖရပ်ချို့တဲ့ပါက အရွက်ရင့်များ စိမ်းပုတ်ရောင် ဖြစ်လာပြီးနောက် ဆိုးဝါးပါက အရွက်နားများ ခရမ်းရောင်သမ်းလာပါမယ်။ အလုံအလောက်မရရှိပါက အပင်ဖွံ့ဖြိုးမှုရပ်တန့်ပြီး သေးငယ်ပုညှက် ဘေးကိုင်းထွက်ရှိမှုနည်းလာပါမယ်။ အမြစ်စနစ်မှာ တိုလာတဲ့အတွက် မြေကြီးမှာရှိသော ရေနှင့်အပင်အာဟာရများကို ကောင်းစွာမစုပ်နိုင်တော့တဲ့အတွက် အပွင့်အသီး နောက်ကျတတ်ပြီး အပွင့်၊ သီးကင်းများ အလွယ်တကူကြွေကျနိုင်ပါသည်
  • ပိုတက်စီယမ်(K)

ပဲတီစိမ်း၊ မတ်ပဲသီးနှံတွင် ပိုတက်စီယမ်ချို့တဲ့ပါက အပင်အောက်ခြေရှိ အရွက်ရင့်များ ကနဦးဝါလာပြီးနောက် အရွက်နားများခြောက်ပြီး မီးလောင်ထားသလို လက္ခဏာများ ပေါ်လာပါမယ်။ ပဲအထွက်၊ အစေ့အဆန်ကောင်းမွန်ရေးအတွက် အမြစ်မှအစေ့ဆီသို့ အဟာရပို့ဆောင်ရာတွင် ပိုတက်စီယမ်မှ အဓိက အခန်းကဏ္ဍတွင် ပါဝင်သည့်အတွက် ချို့တဲ့မှုလွန်ပါက ပဲစေ့များ လုံးပိန်လုံးညှက်များပြီး အောင်စေ့နည်းကာ အထွက်နှုန်းသိသိသာသာ ကျဆင်းလာမှာဖြစ်ပါတယ်။
ဒါ့အပြင် ပိုးမွှားရောဂါဒဏ် အသင့်အတင့် ခံနိုင်ရည်ရှိရန် အပင်ရဲ့ ဆဲလ်နံရံများ ကျစ်လစ်ခိုင်မာတောင့်တင်းဖို့အတွက် ကယ်လ်စီယမ်ဓါတ် လိုအပ်သလို၊ အစေ့အဆန်တွင် ပရိုတင်းဓါတ်ပြည့်ဝပြီး အစေ့အဆန်အရည်အသွေးပြည့်မီစေရန် ဆာလဖာဓါတ်လဲ လိုအပ်ပါတယ်။
ထို့ကြောင့် ပဲတီစိမ်း၊ မတ်ပဲသီးနှံအတွက် လိုအပ်သော အပင်အာဟာရ ဖြည့်တင်းရာတွင် ဓါတ်မြေဩဇာ မြေခံထည့်သွင်းခြင်းနှင့် အရွက်ဖျန်းမြေဩဇာ အသုံးပြုခြင်း နှစ်မျိုးစလုံး အရေးကြီးသော်လည်း လုပ်ဆောင်ပုံ၊ အာနိသင်ပြပုံ၊ အသုံးပြုသည့် အချိန်များ လုံးဝကွာခြားပါသည်။
အလွယ်ကူဆုံး နှိုင်းယှဉ်ပုံမှာ ဓါတ်မြေဩဇာကျွေးခြင်းသည် (ထမင်းကျွေးခြင်း) ကဲ့သို့ အဓိက အပင်အတွင် လိုအပ်ချက်များသော အာဟာရကျွေးခြင်းဖြစ်ပြီး အရွက်ဖျန်းမြေဩဇာကျွေးခြင်းသည် (အားဆေးတိုက်ခြင်း) ကဲ့သို့သော အရေးပေါ်ဖြေရှင်းနည်း ဖြစ်သည်
သို့ပါ၍ လိုအပ်သော အပင်အာဟာရမျှတစွာ ရရှိဖို့၊ အထွက်နှုန်းသိသိသာသာကောင်းမွန်လာဖို့ ကျွန်ုပ်တို့ ကောမက်မြေဩဇာမှ ပဲသီးနှံအတွက် အထူးသင့်လျော်သော နိုက်ထရိုဂျင်(N)၊ ဖော့စ်ဖရပ်(P)၊ ပိုတက်စီယမ်(K) အာဟာရမျှတစွာ ပါဝင်သော ရွှေကောမက် ပဲမျိုးစုံ ဓါတ်မြေဩဇာ (11:20:20) အချိုးကို စိုက်ခင်းမြေခံမှာ ထည့်သွင်းဖို့ ဗဟုသုတရဖွယ် မျှဝေပေးလိုက်ရပါတယ်ခင်ဗျာ
မြေဩဇာကျွေးခြင်းနဲ့ ပတ်သတ်ပြီး ဗဟုသုတများ သိရှိလိုပါက Myanma Awba – Comet Fertilizer Facebook Page တွင် လာရောက်စုံစမ်းနိုင်ပါသည်ခင်ဗျာ
Relate Products

ဆက်စပ် ထုတ်ကုန်များ