အမိုင်နို အက်စစ် တင်ပို

တောင်သူဦးကြီးတို့အနေဖြင့် အယ်နီညိုဟု ဆိုလိုက်လျှင် ပူပြင်းမယ် ခြောက်သွေ့မယ် မိုးခေါင်မယ်လို့ ထင်မြင်ကြပါသည်
ကျွန်တော်အနေဖြင့် မငြင်းပါစူပါအယ်နီညိုကျရောက်မည့် ယခုနှစ်တွင်တော့ ဒီထက်ပိုနိုင်သည်ကိုတော့ သတိထားရပါမည်။
စိုက်ပျိုးရေးလုပ်ကိုင်သူတိုင်း သိကြသည်။
ရာသီဥတုကို ကျွန်တော်တို့ ရာနှုန်းပြည့် ကြိုတင်မခန့်မှန်းနိုင် ။
ကြိုတင်ပြင်ဆင်မှုများကိုသာ လုပ်ဆောင်နိုင်ပါသည်။
သို့ဖြစ်ပါ၍ အယ်လ်နီညိုဒဏ်ကို သီးနှံပင်များ ရင်ဆိုင်နိုင်မည့်အကြောင်းတရားများမှ တချက်ကို ပြောပြပါရစေ။
ထိုအရာမှာ အမြစ်ပွားဆေး ဟု အများက ခေါ်ကြသော အမိုင်နိုအက်စစ် ဖြစ်ပါသည်

ရှေးဦးစွာ အမိုင်နိုအက်စစ်၏ လုပ်ဆောင်ချက်များကို ပြောပြပါမည်

သက်ရှိတိုင်း (ဘက်တီးရီးယား၊ မှို၊ အပင်၊ တိရစ္ဆာန်နှင့် လူသားများအပါအဝင်) အမိုင်နိုအက်စစ် လိုအပ်ပြီး ကိုယ်တိုင်လည်း ထုတ်လုပ်ကြပါသည်။
သို့သော် သက်ရှိအားလုံးက ကိုယ်တိုင် အပြည့်အစုံ ထုတ်လုပ်နိုင်ကြသည်တော့ မဟုတ်ပါ။အထူးသဖြင့် လူသားများသည် အမိုင်နိုအက်စစ်ကို အပြည့်အဝ မထုတ်လုပ်နိုင်ပါ။ အပင်နှင့် အသားငါးများ စားသုံးရာမှ ရရှိခြင်းဖြစ်ပါသည်။
အပင်များကတော့ မြေဆီလွှာအတွင်းမှ နိုက်ထရိုဂျင်နှင့် အခြားသောဒြပ်စင်တွေကို အသုံးပြုပြီး ကိုယ်တိုင်ထုတ်လုပ်ပါသည်

အမိုင်နိုအက်စစ်ဟာ သက်ရှိတွေအတွက် ဘယ်အခန်းကဏ္ဍမှ အရေးပါသလဲ?

အမိုင်နိုအက်စစ်ဟာ သက်ရှိများ၏ ဆဲလ်အသစ် ကြီးထွားဖွံ့ဖြိုးရန်အတွက် မရှိမဖြစ်လိုအပ်သော ပရိုတင်းများကို ဖွဲ့စည်းတည်ဆောက်ပေးခြင်းဖြစ်ပါသည်။
မြင်လွယ်အောင်ပြောရပါက သက်ရှိများ၏ ကြွက်သားများတည်ဆောက်နိုင်ဖို့ ဖန်တီးပေးခြင်းဖြစ်ပါသည်။
အပင်များတွင်မူ အပင်၏ အမြစ်၊ ပင်စည်၊ အရွက်ဖြစ်ပေါ်ရန် ကူညီခြင်းဖြစ်သည်။
အထက်တွင် ပြောခဲ့သည့်အတိုင်း အပင်များသည် အမိုင်နိုအက်စစ်ကို ကိုယ်တိုင်ချက်လုပ်ရယူသူများဖြစ်ကြပါသည်
သို့ဖြစ်၍ အမိုင်နိုအက်စစ်ချက်လုပ်ရာတွင် အပင်၏ စွမ်းအင်များကို အမြောက်အမြားသုံးစွဲကြပါသည်။

အပင်များ၏ အမိုင်နိုအက်စစ် ချက်လုပ်မှုဖြစ်စဥ်ကို ရှင်းပြလိုပါသည်။

ရှေးဦးစွာ အပင်အမြစ်များမှ နိုက်ထရိုဂျင်ကို အပင်စားသုံးနိုင်သော နိုက်ထရိတ် (သို့ ) အမိုးနီးယား ပုံစံ စုပ်ယူဖြိုခွဲလိုက်ပါသည်။
ထို့နောက် အပင်အရွက်များမှ အလင်းမှီအစာဖွဲ့စည်းပြီး ရရှိလာသော ကာဗွန်ဒြပ်စင်များဖြင့် အင်ဇိုင်းအကူအညီယူကာ ပေါင်းစပ်လိုက်ပြီး အခြေခံအမိုင်နိုအက်စစ် ရရှိလာပါသည်။ ထိုအမိုင်နိုအက်စစ်မှတဆင့် အမျိုးမျိုးသော အင်ဇိုင်းများဖြင့် ဆက်လက်ပေါင်းစပ်ကာ အပင်အတွက် လိုအပ်သော အမိုင်နိုအက်စစ်အမျိုးမျိုး ဆက်လက်ထုတ်လုပ်ပါသည်။
အပင်တစ်ပင်မှ မိမိကိုယ်ကိုကာကွယ်ကုသနိုင်ရန် ဆဲလ်ဖြစ်ပေါ်ရန် ကြီးထွားရန် ကိုယ်ပိုင်ထုတ်လုပ်သော အမိုင်နိုအက်စစ်ပေါင်း ( ၂၀၀ )ကျော် ရှိသည်ဟု သိပ္ပံပညာရှင်များက ဆိုကြပါသည်။

အယ်နီညိုနှင့်အမိုင်နို မည်သို့ဆက်စပ်ပါသနည်း

အပင်များတွင် ပရိုတင်း တည်ဆောက်ရာ၌ တိုက်ရိုက်မပါဝင်ဘဲ ရာသီဥတုဖိစီးမှု(stress) ဒဏ်ကို ခုခံရန်၊ အပင်ကာကွယ်ရေး ယန္တရားများအတွက်နှင့် အခြားဇီဝကမ္မလုပ်ငန်းများတွင် အထူးအသုံးပြုသည့် ပရိုတင်းဖွဲ့စည်းမှုမဟုတ်သော အမိုင်နိုအက်စစ်များ (Non-proteinogenic Amino Acids) ရာပေါင်းများစွာ ရှိသည်။
အထူးသဖြင့် ရေငတ်ခြင်း၊ အပူချိန်လွန်ကဲခြင်းနှင့် ပိုးမွှားဒဏ်များကို အပင်က တုံ့ပြန်ရာတွင် ပါဝင်လုပ်ဆောင်ကြသည်။
ထိုဂုဏ်သတ္တိမှာ အယ်လ်နီညိုကို ကြံ့ကြံ့ခံရမည့် ကျွန်တော်တို့သီးနှံပင်များ လိုအပ်သော အဖြေ ဖြစ်နိုင်ပါသည်။
အမိုင်နိုအက်စစ်ကို အပင်တွင်ပက်ဖျန်းပေးနိုင်မည်ဆိုပါက
  • အပင်မှ အမိုင်နိုချက်လုပ်ရမည့် စွမ်းအင်ကို အခြားသောဇီဝလုပ်ငန်းစဥ်များတွင် အသုံးချနိုင်ခြင်း
  • မိုးခေါင်ရေရှားခြင်း၊ အပူချိန်လွန်ကဲခြင်း သို့မဟုတ် ပိုးမွှားဒဏ်ကြောင့် သီးနှံပင်မှာ ဖိစီးမှု(Stress) ဒဏ် ခံရချိန်တွင် ပြင်ပမှ အမိုင်နိုအက်စစ် ရရှိထားသောကြောင့် ရာသီဥတုဒဏ်ကို ပိုမိုမြန်ဆန်စွာ ခုခံတုံ့ပြန်နိုင်ခြင်း
  • အမိုင်နိုအက်စစ်များသည် (Chelating agent) ဖြစ်သောကြောင့် မြေဆီလွှာထဲရှိ အာဟာရများကို အမြစ်က ပိုမိုလွယ်ကူ လျင်မြန်စွာ စုပ်ယူနိုင်ခြင်း
  • အရွက်စိမ်းစိုစေရန် အားပေးခြင်း၊ ပန်းပွင့်နှုန်းနှင့် ဝတ်မှုန်ကူးမှုကို တိုးမြှင့်ပေးခြင်းတို့ကြောင့် သီးနှံအရည်အသွေး ကောင်းမွန်လာပြီး အထွက်နှုန်းကို တိုးတက်ခြင်းတို့ ရရှိစေနိုင်ပါသည်။
အထူးသဖြင့် မြန်မာ့ဩဘာမှ ထုတ်လုပ်ထားသော တင်ပို သည် အမိုင်နိုအက်စစ် ၄၀% အပြင် အနည်းလိုဓာတ်များ ပြည့်ဝစွာ ပါဝင်သောကြောင့် ယခုနှစ်တွင် ကျရောက်မည့် စူပါအယ်နီညိုအတွက် အဖြေတစ်ခု ဖြစ်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။