ဝက်ကျွတ် ( Wandering jew )
Scientific name – Commelina benghalensis L.
Common name – Wandering jew
Family – Commelinaceae
အပင်ပုံသဏ္ဌာန်
နှစ်ရှည်ခံ သို့မဟုတ် တစ်နှစ်ခံပင်ပျော့မျိုးဖြစ်ပြီး မြေတွင်ပြန့်၍သော်လည်းကောင်း၊ ထောင်၍ သော်လည်းကောင်း ပေါက်သည်။
၁၅-၄၀ စင်တီမီတာအထိမြင့်ပြီး ကိုင်းဖြာ၍အဆစ်များမှ အမြစ်များမှ ထွက်သည်။
အရွက်သည် ရွက်လွှဲထွက်ပြီး ဘဲဥပုံဖြစ်၍ အမွေးများပါရှိသည်။
ပန်းခိုင်သည် ပန်းပွင့် ၁ – ၃ ပွင့်ဖြင့် ဖွဲ့စည်းထားသည်။
ပန်းပွင့်သည် အပြာရောင် သို့မဟုတ် တစ်ခါတစ်ရံအဖြူရောင် ပွင့်ချပ် ၃ ခု ပါရှိသည်။
နံနက်ပိုင်းတွင် ပန်းပွင့်ပြီး မွန်းမတည့်မီ ပိတ်သွားသည်။
အသီးသည် အစေ့ ၅ ခုပါသော သစ်တော်သီးပုံ အက်ကွဲသီးဖြစ်သည်။
အစေ့သည် အညိုဖျော့ရောင်ရှိပြီး ရှည်၍ ချောမွတ်သည်။ ပင်စည်နှင့် အစေ့နှစ်မျိုးစလုံးဖြင့် မျိုးပွားသည်။
ပေါက်ရောက်တတ်သော သီးနှံများ
ယာသီးနှံခင်းများ။
