Law of Minimum ( အနည်းဆုံးဟာ အလိုအပ်ဆုံး)
၁၈၄၀ခုနှစ်မှာ Justus Von Liebig ဟာ Law of minimum ဆိုတဲ့ အယူအဆ တစ်ခုကို ဖော်ပြခဲ့ပါတယ်။
The growth of an organisms may be dependent on a number of different factors, however, growth is controlled not by the total amount of resources available, but by the number of scarcest resource ( limiting factors).
“ အပင်၏ ကြီးထွားမှု(အထွက်နှုန်း)ကို အနည်းဆုံးအာဟာရဓာတ်(အပင်မှ ချို့တဲ့သော အာဟာရ) ဓာတ်ကပဲ (ဆုံးဖြတ်)ကန့်သတ်တယ်
ဆိုတဲ့ အယူအဆ တစ်မျိုးဖြစ်ပါတယ်
လွယ်ကူစွာရှင်းပြရမယ်ဆိုရင်
အပင်တစ်ပင်အတွက် အာဟာရဓာတ် ( ၁၀ ) မျိုး လိုအပ်သည်ဆိုပါစို့
ထိုအာဟာရဓာတ် (၁၀) မျိုးမှ (၉)မျိုးကို အပင်မှ လုံလောက်စွာ ရရှိထားသည်
သို့သော် အပင်တွင် ထို ဓာတ်၁မျိုးမှာ ချို့တဲ့နေသည်။
ထိုသို့ မလုံလောက်ပါက ကျန်အာဟာရ ၉ မျိုး မည်မျှ ကြွယ်ဝပါစေ မည်မျှ ထပ်မံထည့်သွင်းပါစေ အပင်ကြီးထွားမှုမှာ ကန့်သတ်ခြင်းခံရမည်
- နောက် ဥပမာတစ်ခု ဆိုကြပါစို့
သင့်တွင် ရေထည့်သည့် သစ်သားစည်တစ်စည်ရှိသည်။
သို့သော် ထိုသစ်သားစည်ကို ပြုလုပ်ထားသော ပျဥ◌်ချပ်များမှာ အမြင့်မတူပေ။
ထို့ကြောင့် ရေထည့်သည့်အခါတိုင်း အနိမ့်ဆုံး သစ်သားပြားရိုက်ထားသော အမှတ်အထိသာ ရေရောက်နိုင်သည်။
ထို့အတူ အပင်တွင်လည်း အနည်းဆုံးရှိနေသော အာဟာရက သီးနှံပင် အထွက်နှုန်းကို သတ်မှတ်သည်။
လိုအပ်သော အာဟာရဓါတ်များကို စံချိန်မီ ထည့်သွင်းနိုင်မှသာ သေချာတဲ့ အထွက်နှုန်း ရနိုင်ပါတယ်….
ထည့်သွင်းသော်လည်း တစ်ခုတည်းသော အာဟာရဓါတ် ချို့တဲ့ခဲ့လျှင် အထွက်နှုန်းလျော့နည်းသွားနိုင်ပါတယ်..
အများဆုံးထွက်ရှိမှုရရှိစေရန် အာဟာရဓာတ်တစ်မျိုးမျိုး မလုံလောက်ခြင်း မဖြစ်ရပါ။”
အပင်၊ သီးနှံ စိုက်ပျိုးရာမှာ အာဟာရဓာတ်တစ်ခုခု ချို့တဲ့နေရင် အထွက်နှုန်း အများဆုံးမရနိုင်ပါ
ဥပမာ စိုက်ပျိုးရေး: မြေဆီလွှာထဲမှာ အာဟာရဓာတ် N (နိုက်ထရိုဂျင်), P (ဖော့စဖရပ်), K (ပိုတက်ဆီယမ်) တို့ရှိတယ်ဆိုပါစို့။
• အပင်အတွက် P ဓာတ်ပဲ အနည်းဆုံးရှိရင် အပင်တိုးတက်မှုကို P ဓာတ်ပဲ ကန့်သတ်ပါမည်။
• N, K ဓာတ် ဘယ်လောက်ပင်ထပ်ထည့်ပေးနေပါစေ အကျိုးမရှိဘဲ P ဓာတ်ကိုသာ တိုးပေးမှ တိုးတက်မှု မြင့်မှသာ ရပါမည်
သီးနှံအထွက်တိုးလိုလျှင် ပြင်ကျိုးကိုပြင်
ထို့ကြောင့် မြေဩဇာကျွေးရာတွင် အာဟာရဓာတ်တစ်မျိုးတည်းကို မကျွေးဘဲ အပင်ကြီးထွားလာတဲ့ အဆင့်တိုင်းအလိုက် လိုအပ်တဲ့ အာဟာရဓာတ်ကို မျှတပြီး လုံလောက်အောင် ပေးရမည်ဖြစ်ပါကြောင်း ဗဟုသုတရဖွယ် ရေးသားတင်ပြလိုက်ရပါသည်ခင်ဗျာ
