ပရန္နဝါနီ ( Red spiderling)

 

ပရန္နဝါနီ ( Red spiderling)
ပရန္နဝါနီ ( Red spiderling)

Scientific name – Boerhavia diffusa L.

Common name – ပရန္နဝါနီ ( Red spiderling)

Family – Nyctaginaceae

အပင်ပုံသဏ္ဌာန်

နှစ်ရှည်ခံပင်မျိုးဖြစ်၍ ထောင်မတ်လျက်ပေါက်သည်။

ပြန့်ကားလျက် သို့မဟုတ် တွယ်တက် တတ်သော ပင်ပျော့မျိုးဖြစ်သည်။

အခြေမှ ကိုင်းများစွာထွက်ပြီး ၅၀ စင်တီမီတာအထိ မြင့်သည်။

ပင်စည်သေးသွယ်ပြီး အမွေးလေးများပါရှိသည်။

ရေသောက်မြစ်မှ ကိုင်းများဖြာထွက်သည်။

အရွက်သည် ရွက်ဆိုင်ဖြစ်ပြီး တစ်ခုကြီး တစ်ခုငယ် ဖြစ်သည်။

ဘဲဥပုံသဏ္ဌာန်ရှိပြီး ပြန့်ကား၍ ထိပ်ဘက်ချွန်သည်။

ပန်းခိုင်သည် ထိပ်ထွက် သို့မဟုတ် ကြားထွက်ဖြစ်ပြီး ပန်းပွင့် ၂ – ၄ ပွင့်ပါရှိပြီး အစုလိုက်ပွင့်သည်။

ကန်တော့ပုံ ပွင့်ရွက်အုံသည် အဝိုက် ၅ခု ရှိပြီး အနီရောင် သို့မဟုတ် ခရမ်းရောင်ရှိသည်။

အသီးတွင် အမြှောင်းငါးခုပါရှိပြီး တိုသော တင်းပုတ်ပုံရှိသည်။

အစိမ်းရောင်ရှိ အသီးကို ဂလင်းများနှင့် အမွေးများက ဖုံးအုပ်ထားသည်။ အသီးတစ်လုံးလျှင် ရှည်သည့် ဘဲဥပုံ အစေ့တစ်စေ့ ပါသည်။

အစေ့အားဖြင့် မျိုးပွား သည်။

ပေါက်ရောက်တတ်သော သီးနှံများ

ယာသီးနှံခင်းများ၊ စားကျက်ခင်းများ။