တစ္ဆေအပ် (ခ) နေကြာကလေး (ခ) မုဆိုးမလှံ(Blackjack)

တစ္ဆေအပ် (ခ) နေကြာကလေး (ခ) မုဆိုးမလှံ(Blackjack)
တစ္ဆေအပ် (ခ) နေကြာကလေး (ခ) မုဆိုးမလှံ(Blackjack)

Scientific name – Bidens pilosa L

Common name -တစ္ဆေအပ် (ခ) နေကြာကလေး (ခ) မုဆိုးမလှံ(Blackjack)

Family – Asteraceae

အပင်ပုံသဏ္ဌာန်

တစ်နှစ်ခံ သို့မဟုတ် နှစ်ရှည်ခံပင်ပျော့မျိုးဖြစ်သည်။

ပင်စည်သည် ၃၀ – ၁၈၀ စင်တီမီတာ ရှည် ပြီး ထောင်မတ်လျက်ပေါက်သည်။

ပင်စည်မှာ လေးထောင့်ပုံရှိပြီး အခေါင်းပေါက်ဖြစ်သည်။

ချောမွတ် သည် သို့မဟုတ် အမွေးအနည်းငယ်ပါရှိတတ်သည်။

အများအားဖြင့် ပင်စည်မှာ အစိမ်းရောင်ရှိပြီး ဖန်ရံခါ နီညိုရောင်ရှိတတ်သည်။

စူးရှသော အနံ့ရှိသည်။

အရွက်မှာ ရွက်ဆိုင်ထွက်ပြီး ဘဲဥပုံရွက်မြွှာ ၃ခု သို့မဟုတ် ၇ခု ပါရှိသည်။

ပန်းပွင့်တွင် ပွင့်ညှာမဲ့အဝါရောင်ပြွန်ပုံပန်းပွင့်နှင့် လျှာပုံအဖြူရောင် သို့မဟုတ် ပန်းရောင်ပန်းပွင့်များပါရှိသည်။

အပြင်တစ်စေ့သီးများမှာပြားပြီး နီညိုရောင်ရှိ၍ သေးသွယ် ရာမှ ကျဉ်းသောသပ်ပုံသဏ္ဌာန်ရှိသည်။

အတွင်းတစ်စေ့သီးများမှာ အနက်ရင့်ရောင်ရှိ၍ ညီညာသော ထောင့်လေးထောင့်ပါရှိပြီး သေးသွယ်သော လွန်းပုံရှိသည်။

အစေ့အားဖြင့် မျိုးပွားသည်။

ပေါက်ရောက်တတ်သော သီးနှံများ

ယာသီးနှံခင်းများ၊ နှစ်ရှည်ပင်များ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ။